Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Connect with us

Asia

အိန္ဒိယရေကြီးမှုတွင် သေဆုံးသူ ၂ဝဝ ကျော်ထိရှိလာ


နယူးဒေလီ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အာသံပြည်နယ် နှင့် ဘီဟာပြည်နယ်တို့၌ ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများအတွင်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျက်ရှိရာ စုစုပေါင်းဦးရေ ၂ဝဝ ကျော်ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာက ဇူလိုင် ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ရေကြီးမှုကြောင့် သေဆုံးသူ အနည်းဆုံး ၈ဝ ဦး ခန့်ရှိကြောင်း သတင်းက ဆိုသည်။ ဗြဟ္မပုတြမြစ်အပါအဝင် မြစ်အများအပြားသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်၍ ရောက်ရှိနေကြောင်း နှင့် အာသံပြည်နယ်၏ Kokrajhar နှင့် Nalbadhi ဒေသတို့တွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

အာသံပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်းရှိ ခရိုင် ၂ဝ ခုတွင် ရေကြီးမှုကြုံတွေ့နေရပြီး လူပေါင်း ၃.၈ သန်းကျော်အပေါ် သက်ရောက်မှုရှိနေကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရေကြီးမှုကြောင့် လူပေါင်း ၁၂ဝ ကျော်သေဆုံးခဲ့ရပြီး ဖြစ်သည်။ထို့ပြင် ပြည်နယ်အတွင်းရှိ ခရိုင် ၁၂ ခုတွင် ရေဘေးကြုံနေရပြီး လူပေါင်း ၈.၁ သန်းအပေါ်သက်ရောက်မှုရှိနေကြောင်း သိရသည်။

ပြည်နယ်အတွင်းရှိ မြစ်ချောင်းအများအပြားသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်၍ ရောက်ရှိနေသည်။ဘီဟာပြည်နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၄၂ ခုဖွင့်လှစ်ထားကြောင်း ၊ အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ ့နှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ရံပုံငွေအဖွဲ့ နှစ်ခုပေါင်း အဖွဲ့၂၆ ဖွဲ့က ကယ်ဆယ်ရေးများဆောင်ရွက်နေကြောင်း ၊ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၇၉၆ ဦး နှင့် မော်တော်ဘုတ် ၁၂၅ စီး အသုံးပြု၍ ရေဘေးသင့်နေရာများတွင် ကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းကဆိုသည်။(Xinhua)