Connect with us

Asia

အိန္ဒိယရဲတပ်ဖွဲ့က အရက်တုလုပ်ငန်းများအား ဝင်ရောက်ဖမ်းဆီး ၊ လူ ၂ဝဝ ကျော်အဖမ်းခံရ

အိန္ဒိယနိုင်ငံ၌ အရက်တုသောက်သုံးမိသူတစ်ဦးအား ဆေးကုသမှုပေးနေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အတ်တာပရာဒက်ရှ် (Uttar Pradesh) နှင့် အူထရာခန့်(Uttarkhand) ပြည်နယ် နှစ်ခုတွင် လူပေါင်းများစွာ သေဆုံးမှုဖြစ်ပွားစေခဲ့သော အရက်တုထုတ်လုပ်သည့်စက်ရုံများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဖမ်းဆီးမှုအတွင်း ခွင့်ပြုချက်မဲ့ အရက်ရောင်းချမှု နှင့် ထုတ်လုပ်မှုဖြင့် လူပေါင်း ၂ဝဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ရက်ပိုင်းက အရက်တုသောက်သုံးမိရာမှ လူပေါင်း ၇၂ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သော်လည်း ဒေသတွင်းမီဒီယာက သေဆုံးသူအရေအတွက်မှာ ၁ဝဝ ကျော်ရှိကြောင်း ဖော်ပြခဲ့သည်။

“ ရင်ခွဲရုံမှာ စစ်ဆေးဖို့အလောင်းများစွာကျန်နေသေးလို့သေဆုံးသူအရေအတွက် အတိအကျကို မပေးနိုင်သေးပါဘူး ” ဟု အတ်တာရာဒက်ရှ်ပြည်နယ်အဆင့်မြင့်အစိုးရအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

“ ဆာဟာရန်ပူးခရိုင်မှာ လူ ၄၆ ယောက်သေဆုံးတယ်လို့အတည်ပြုခဲ့ပါတယ်။ဒါပေမယ့် ရင်ခွဲစစ်ဆေးမှုအရ လူ ၃၆ ယောက်ပဲ အရက်ကြောင့် အဆိပ်သင့်မှုဖြစ်ပွားပြီးသေဆုံးရတယ်လို့ဖော်ပြထားပါတယ်။ ကျန် ၁ဝ ယောက်နဲ့ပတ်သက်ပြီး အဖြေကို ဆက်လက်စောင့်ဆိုင်းနေဆဲပါ” ဟု ၎င်းကဆိုသည်။

အတ်တာရာပါရာဒက်ရှ်ပြည်နယ် ကူရှင်ကာခရိုင်(Kushinagar)၌ အရက်တုကြောင့် သေဆုံးသူ ၈ ဦးရှိကြောင်း အစိုးရအရာရှိများက ဆိုသည်။ အတ်တာပရာဒက်ရှ်၌ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုအတွင်း အရက်တု ၉၂၆၉ ပုလင်း သိမ်းဆည်းရမိကြောင်း နှင့် လူပေါင်း ၁၅ဝ ဦးကို စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အူထရာခန့်ပြည်နယ် ဟာရစ်ဝါခရိုင်(Haridwar) ၌ အရက်တုကြောင့် သေဆုံးသူ ၂၈ ဦးရှိသည်။ “ သူတို့ထဲက တစ်ယောက်ဟာ အရက်ကြောင့် သေဆုံးရတာ ဟုတ်မဟုတ်သိရအောင် အဖြေရှာနေပါတယ်” ဟု အရာရှိတစ်ဦးက ဆိုသည်။

အူထရာခန့်ပြည်နယ်အတွင်း ကျန်းမာရေးလေ့ကျင့်မှု ဦးစီးဌာနမှ အမှုထမ်း ၁၃ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ရာထူးမှ ဖယ်ရှားခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ပြည်နယ်အတွင်း အရက်တု ၁ဝ၆၆ ပုလင်း ကို သိမ်းဆည်းခဲ့ပြီး လူပေါင်း ၅ဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးခံထားရသူတွေကို စစ်ဆေးမှုပြုလုပ်နေပါတယ်။ အပြစ်ရှိရင်တော့ ပြစ်ဒဏ်ကျခံရမှာပါ” ဟု ကျန်းမာရေးလေ့ကျင့်မှု ဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

ယင်းပြည်နယ်နှစ်ခုတွင် အရက်တုသောက်သုံးမိရာမှ အခြားလူပေါင်း ၁၅ဝကျော် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ခဲ့ရကြောင်း ကျန်းမာရေးအရာရှိများကဆိုသည်။

ဆေးရုံများစွာတွင် ကုသမှုတက်ရောက်ခံယူနေရသူများတွင်လည်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက သံသယရှိနေသည်။ ပြီးခဲ့သော ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလက အနောက်ဘင်ဂေါပြည်နယ်တွင် အရက်တုကြောင့် လူပေါင်း ၁၇၂ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ဈေးပေါသော အရက်တုသောက်သုံးကြရာမှ လူသေဆုံးမှုများမကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.