Connect with us

Asia

ဖိလစ်ပိုင်တောင်ပိုင်းတွင် ဖေဖော်ဝါရီ ၈ရက်ကတည်းက ငလျင်လှုပ်ခတ်မှုအကြိမ် ၂၅၀ နီးပါးဖြစ်ပွားခဲ့

ငလျင်တိုင်းတာမှုပုံစံ တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao del Norte ပြည်နယ် ရှိ မြို့ငယ်တစ်ခုတွင် ဖေဖော်ဝါရီ ၈ရက် ကတည်းက အကြိမ် ၂၅၀နီးပါး ငလျင်ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဌာန (Phivolcs) က ဖေဖော်ဝါရီ ၁၀ရက် ကပြောကြားခဲ့သည်။

Surigao del Norte ပြည်နယ် General Luna မြို့ အရှေ့မြောက်ဘက် ရှိ မြေအောက်အနက် ၄၄ကီလိုမီတာကို ဗဟိုပြု၍ ဖေဖော်ဝါရီ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၆း၂၁နာရီတွင် အင်အား ၅.၅ ရစ်ချ်တာစကေး ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဌာနက ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် နောက်ဆက်တွဲငလျင် ၆၀ကျော် လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက် ဒေသစံတော်ချိန် နံနက် ရး၅၅နာရီ တွင် General Luna မြို့ အရှေ့တောင်ဘက် ၂၈ကီလိုမီတာရှိ မြေအောက်အနက် ၁၉ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၅.၉ ရစ်ချ်တာစကေး ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၉ရက်တွင်လည်း General Luna မြို့တွင် ငလျင်လှုပ်ခတ်မှု ၁၃၀ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ရက် နေ့လည်ပိုင်းအထိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရှိ သဘာဝဘေးအန္တရာယ် ဌာနများမှ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.