Asia
အိန္ဒိယ၌ လူနေအိမ်ထဲ မိကျောင်းဝင်ရောက်မှုဖြစ်ပွား
နယူးဒေလီ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်ရှိ လူနေအိမ်တစ်လုံးထဲသို့မိကျောင်းတစ်ကောင်ဝင် ရောက်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
အလျား ၁၂ ပေ ၊ အလေးချိန် ၅ဝဝ ကီလိုဂရမ်ရှိ မိကျောင်းကြီးကို Odisha ပြည်နယ် Bhubaneswar မြို့တော်မှ အနောက်တောင်ဘက် ၆၅ဝ ကီလိုမီတာအကွာ မာလ်ကန်ဂီရီ(Malkangiri) ခရိုင်ရှိ Dasharath Madkami ဆိုသူ၏ နေအိမ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ညဘက်မှာ Madkami ရဲ့ အိမ်ထဲက မိကျောင်းတစ်ကောင်တွေ့တဲ့အကြောင်း ရွာလူကြီး လှမ်းပြောတဲ့အချိန်ဟာ နံနက် ၃ နာရီလောက်ရှိနေပြီ” ဟု တောရိုင်းတိရစ္ဆာန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၎င်းနေအိမ်သို့ ရွာသားများရောက်လာချိန်တွင် Madkami အား ဇနီး နှင့် သမီးများ နှင့်အတူတွေ့ရကြောင်း ၊ ၎င်းတို့မှာ ထိတ်လန့်တုန်လှုပ်နေကြကြောင်း နှင့် ရွာသားများက မိကျောင်းကို ဝိုင်းဝန်းဖမ်းဆီးပြီး အနီးအနားရှိ သစ်ပင်တစ်ပင်တွင် ချည်နှောင်ပေးခဲ့ကြောင်း သိရသည်။
သတင်းများအဆိုအရ ရွာသားများက မိကျောင်းကြီးကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ရွာလူကြီးက မသတ်ရန် တားမြစ်ခဲ့သည်ဟု ဆိုသည်။ တောရိုင်းတိရစ္ဆာန်အဖွဲ့မှ တာဝန်ရှိသူများက မိကျောင်းကြီးအား Balimela ရေကန်ကြီးထဲသို့လွှတ်ပေးခဲ့ကြောင်း သိရပြီး ၎င်းမိကျောင်းကြီးမှာ Satiguda ဆည်မှ လွတ်မြောက် လာခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)