Connect with us

Asia

ကိုရီးယားကျွန်းဆွယ်အပေါ် B-1B ဗုံးကျဲလေယာဉ် ဖြတ်ကျော်ပျံသန်းခဲ့ခြင်းအပေါ် အမေရိကန်အား မြောက်ကိုရီးယားအပြစ်တင်

ကိုရီးယားကျွန်းဆွယ်အပေါ် မေရိကန်လေတပ်မှ B-1B ဗုံးကျဲလေယာဉ်အုပ်စု ဖြတ်ကျော်ပျံသန်းစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

ဒေသတွင်း တင်းမာမှုဖြစ်ပွားလျက်ရှိသည့် ကိုရီးယားကျွန်းဆွယ်အပေါ် အမေရိကန်လေတပ်မှ B-1B မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် ဖြတ်ကျော်ပျံသန်းခဲ့ခြင်းအပေါ် မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံအား ယနေ့( နိုဝင်ဘာ ၃ရက်)တွင် ပြစ်တင်ပြောကြားလိုက်သည်။

အမေရိကန်လေတပ်မှ မဟာဗျူဟာမြောက် နျူကလီယား ဗုံးကျဲချနိုင်သည့် B-1B ဗုံးကျဲလေယာဉ်အုပ်စုသည် ဂူအမ်ကျွန်း၌ အခြေစိုက်ထားသော အန်ဒါဆင်(Anderson လေတပ်အခြေစိုက်စခန်း) မှ တောင်ကိုရီးယားနိုင်ငံသို့ပျံသန်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၊ ၎င်းမှာ မြောက်ကိုရီးယားနိုင်ငံ၏ အဓိကပစ်မှတ်များကို နျူကလီးယားဗုံးကျဲချရန် အစမ်းလေ့ကျင့်မှု ပျံသန်းရေးအစီအစဉ်တစ်ခု ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

“ တောင်ကိုရီးယားနိုင်ငံနဲ့ရေတပ်ပူးတွဲလေ့ကျင့်ရေးအစီအစဉ်ပြီးတဲ့နောက်မှ အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘော ရော်နယ်ရီဂင်ဟာ ကိုရီးယားကျွန်းဆွယ်ပင်လယ်ပြင်ထဲမှာပဲ လှည့်လည်သွားလာနေဆဲဖြစ်ပါတယ်။ပြီးတော့ အဲဒီလေ့ကျင့်ရေးအစီအစဉ်မှာ အခြားလေယာဉ်တင်သင်္ဘော နှစ်စင်းဖြစ်တဲ့ သီအိုဒိုရုစဗဲ့(Theodore Roosevelt) နဲ့နီမစ်တ်(Nimitz) သင်္ဘောနှစ်စင်းဟာ အမေရိကန် အမှတ်၇ ရေတပ်အုပ်စုနဲ့အတူ ကင်းလှည့်မှုအစီအစဉ်မှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်” ဟုKCNA က ဆိုသည်။

“ အမေရိကန်နိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်မှာ ရန်လိုတဲ့အနေအထားရှိနေပြီး နျူကလီးယားစစ်ပွဲဆီကို ဦးတည်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြသနေပါတယ်” ဟု KCNA က သတင်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.