Connect with us

Asia

အိန္ဒိယ ပြည်နယ် ၅ ခုတွင် ရွေးကောက်ပွဲ ပြုလုပ်မည့် ရက်များ ကြေညာ

ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၅ ခုတွင် ဒေသန္တရ ရွေးကောက်ပွဲ ပြုလုပ်မည့် ရက်များအား အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီလ ၄ ရက်က ကြေညာလိုက်သည်။

ဥဿာ ပရာဒတ်ရှ်၊ ဥထရာခန်း၊ ပန်ဂျပ်၊ မဏိပူရ်နှင့် ဂိုအာ ပြည်နယ်များတွင် ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ပွဲများ ပြုလုပ်မည် ဖြစ်သည်။

ရွေးကောက်ပွဲများအား ဖေဖော်ဝါရီလ ၄ ရက်နှင့် မတ်လ ၈ ရက်အကြား ကျင်းပရန် စီစဉ်ထားကြောင်း အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ Nasim Zaidi က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ကြေညာလိုက်သည်။

မဲများ ရေတွက်ခြင်းကို မတ်လ ၁၁ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း Zaidi က ပြောသည်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မဲဆန္ဒရှင် သန်း ၁၆၀ ကျော်က ဆန္ဒမဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ၏ လူဦးရေး အများပြားဆုံး ဥဿာပရာဒတ်ရှ်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်မှ မတ်လ ၈ ရက်အထိ အဆင့် ငါးဆင့်ဖြင့်လည်းကောင်း၊ မဏိပူရ်ပြည်နယ်တွင် မတ်လ ၄ ရက်နှင့် ၈ ရက်နေ့အထိ အဆင့်လေးဆင့်ဖြင့် လည်းကောင်း၊ ဂိုအာနှင့် ပန်ဂျပ်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆင့် တစ်ဆင့်တည်းဖြင့် လည်းကောင်း၊ ဥထရာခန်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်တွင် အဆင့် တစ်ဆင့်တည်းဖြင့် လည်းကောင်း အသီးသီး ကျင်းပမည် ဖြစ်သည်။

တရားဝင် စာရင်းအရ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၆၉၀ ရှိမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.