Connect with us

Asia

အိန္ဒိယ လှေမှောက်မှု အတွင်း ရုပ်အလောင်း ၁၈ လောင်း ပြန်လည်ဆယ်ယူတွေ့ရှိ

အိန္ဒိယ လှေမှောက်မှု အတွင်း ပြန်လည် ဆယ်ယူ တွေ့ရှိသည့် ရုပ်အလောင်းများအား ကယ်ဆယ်ရေး ဝန်ထမ်းများက သယ်ယူလာစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၁၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက် ဘင်္ဂလားပြည်နယ်ရှိ မြစ်တစ်စင်းတွင် ဝန်ပို သယ်ဆောင်လာသည့် လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းများက ရုပ်အလောင်း ၁၈ လောင်း ပြန်လည် ဆယ်ယူတွေ့ရှိ ခဲ့ကြောင်း တာဝန်ရှိသူများက မေလ ၁၆ တွင်ပြောကြားခဲ့သည်။

အဆိုပါလှေသည် အနောက် ဘင်္ဂလားပြည်နယ် မြို့တော် ကိုလ်ကတ္တား ၏ မြောက်ဘက် ၁၀၂ ကီလိုမီတာ အကွာ Burdwan ဒေသ ရှိ Bhagirathi (Hooghly) မြစ်အတွင်း၌ မေလ ၁၄ ရက် ညက တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
Burdwan ဒေသ တရားသူကြီး Saumitra Mohan က မေလ ၁၆ ရက်တွင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံးသွားပြီ ဖြစ်ပြီး ပျောက်ဆုံးနေသူ ၁၈ ဦး၏ ရုပ်အလောင်းများ ကိုလည်း ပြန်လည် ဆယ်ယူ တွေ့ရှိခဲ့ကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။
Mohan ၏ ပြောကြားချက်အရ လှေပေါ်ရှိ လူများသည် ကမ်းနံဘေးသို့ ခုန်ချပြီးနောက် လှေတိမ်းမှောက်ခဲ့ ကြောင်း သိရသည်။
၎င်းက “လူတွေဟာ ကမ်းပေါ်ကို အလုအယက် ခုန်ချကြတဲ့အခါ လှေရဲ့တည်ငြိမ်မှု ပျက်သွားပြီးတော့ ကမ်းနား မှာပင် နစ်မြုစ်သွားပါတယ်”ဟု ပြောသည်။
တာဝန်ရှိသူများ၏ ပြောကြားချက် အရ လှေပေါ်တွင် လိုက်ပါလာသူများသည် ဒေသခံများ ဖြစ်ပြီး ပွဲတစ်ခုအား တက်ရောက်ရန် လာရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
Burdwan ဒေသ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦး ဖြစ်သူ Mrityunjoy Halder က လှေနစ်မြုပ်ချိန် တွင် လှေပေါ်၌ လူ ၈၀ နီးပါး ကျန်ရှိနေကြောင်း ပြောကြားခဲ့သည်။
လှေနစ်မြုပ်ပြီးနောက် ဒုက္ခရောက်နေသူများအား ဘေးအနီးအနားမှ လူများနှင့် ဖယ်ရီလှေ အလုပ်သမားများက ကူညီ ကယ်ဆယ်ခဲ့ကြကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.