Asia
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ ၅ ရက်ကြာ အာဖရိက ၄ နိုင်ငံ ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း ကြေညာ
နယူးဒေလီ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါ မိုဒီသည် ငါးရက်ကြာ အာဖရိက ၄ နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အား ဇူလိုင်လ ၇ ရက်တွင် စတင်သွားရောက် မည်ဖြစ်ကြောင်း သတင်းအရင်းအမြစ် တစ်ခုက ဇူလိုင်လ ၃ ရက်တွင် ပြောကြားခဲ့သည်။
သတင်းအရင်းအမြစ်က “မိုဒီဟာ ၎င်း၏ အာဖရိက ခရီးစဉ်ကို ဇူလိုင်လ ၇ မှာ စတင်မှာ ဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေ အနေနဲ့ မိုဇမ်ဘစ်နိုင်ငံ၊ တောင်အာဖရိက နိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံ၊ ကင်ညာနိုင်ငံ တို့ကို ချစ်ကြည်ရေး ခရီး သွားရောက်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း အိန္ဒိယနှင့် အာဖရိက နိုင်ငံများ ဆက်ဆံရေး တိုးတက်ကောင်းမွန် လာအောင် လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်သည် ပထမဆုံး မိုဇမ်ဘစ်နိုင်ငံသို့ သွားရောက်ပြီး မိုဇမ်ဘစ်နိုင်ငံ သမ္မတ Nyusi နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်သည် တောင်အာဖရိကနိုင်ငံသို့ လေယာဉ်ဖြင့် ဆက်လက် ပျံသန်းကာ တောင်အာဖရိက နိုင်ငံ၌ ၂ ရက်တာ နေထိုင်သွားမည်ဖြစ်ပြီး တောင်အာဖရိကနိုင်ငံ သမ္မတ ဂျက်ကော့ ဇူးမား အပါအဝင် အခြား ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
တောင်အာဖရိက နိုင်ငံတွင် ၂ ရက်ကြာ နေထိုင်ပြီးနောက် ဇူလိုင်လ ၁၀ ရက်တွင် တန်ဇန်းနီးယားနိုင်ငံသို့ ဆက်လက် သွားရောက်ကာ တန်ဇန်းနီးယားနိုင်ငံ သမ္မတ John Pombe Joseph Magufuli နှင့်တွေ့ဆုံပြီး ကဏ္ဍအသီးသီးနှင့် ပတ်သက်၍ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု များကို တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်သည်။
မိုဒီသည် ၎င်း၏ နောက်ဆုံး အာဖရိကနိုင်ငံအဖြစ် ကင်ညာနိုင်ငံသို့ သွားရောက်ကာ သမ္မတ Kenyatta နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ဆိုင်ရာ များအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ နှင့် အာဖရိက၏ လက်ရှိ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံ ရှိပြီး အာဖရိကနိုင်ငံပေါင်း ၄၁ နိုင်ငံ နှင့် စီမံကိန်း ၁၄၀ ခု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)