Connect with us

Asia

အီရန်နိုင်ငံတွင် ပမာဏ ၆.၀ ရှိသော ငလျင် လှုပ်ခတ်

ငလျင်လှုပ်ခတ်မှု ကြိမ်နှုန်းပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံတွင် ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းက ပြင်းအား ၆.၀ ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်း (USGS) က ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီတွင် အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ကာမန်မြို့ အရှေ့မြောက်ဘက် ၅၈ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကနဦး တိုင်းတာချက်အရ မြောက်လတ္တီကျု ၃၀.၇၆၅၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၅၇.၃၃၀၆ ဒီဂရီအကြား မြေအောက်အနက် ၁၀ ကီလိုမီတာ၌ ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း USGS အရ သိရသည်။

အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံအကြား နယ်စပ်ဒေသတစ်လျှောက်တွင် နိုဝင်ဘာလ ၁၂ ရက်က ပြင်းအား ၇.၃ ရှိသော ငလျင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၄၄၅ ဦး သေဆုံးကာ ၇၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.