Connect with us

Asia

အိန္ဒိယတွင် ကွန်တိန်နာအတွင်း အိပ်ပျော်နေသော အမျိုးသား ၆ ဦး အသက်ရှုကျပ်၍ သေဆုံး

အိန္ဒိယနိုင်ငံရှိ ကွန်တိနာတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ကွန်တိန်နာကြီး တစ်ခုအတွင်း အိပ်ပျော်နေရင်း အသက်ရှုကျပ်ကာ အမျိုးသား ၆ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၉ ရက်က ပြောကြားခဲ့သည်။

“သေဆုံးသူ အမျိုးသားတွေက စားသောက်ပွဲအတွက် လုပ်ကိုင်နေသူတွေဖြစ်ပြီး ကျောက်မီးသွေး မီးဖို တစ်ခုရှိတဲ့ ကွန်တိန်နာကြီးထဲမှာ အိပ်ပျော်နေကြတာပါ” ဟု ရဲအရာရှိ တစ်ဦးက ပြောသည်။

ယခုလို လူသေဆုံးမှုသည် ယင်းမြို့၏ တပ်ပိုင်နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုနယ်မြေအတွင်း၌ မင်္ဂလာဆောင်ပွဲ ကျင်းပရန် အစားအသောက်ပြင်ဆင်ရန်အတွက် လာရောက်သူများ ဖြစ်ကြောင်း သိရသည်။

“တနင်္လာနေ့ (နိုဝင်ဘာလ ၂၇ ရက်) ညက အလုပ်တွေပြီးလို့ အလုပ်သမားတွေက ကွန်တိန်နာထဲမှာ မီးဖိုဆောင်သုံးပစ္စည်းတွေထားတဲ့ ကွန်တိန်နာအတွင်းမှာ အိပ်ပျော်နေကြတာပါ” ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

“အင်္ဂ ါနေ့ (နိုဝင်ဘာလ ၂၈ ရက်) မှာ သူတို့ရဲ့ ကြီးကြပ်သူက သွားပြီးနှိုးတော့ သူတို့ဆီက ဘာတုံ့ပြန်မှုမှ မရတော့တဲ့အတွက် ရဲတပ်ဖွဲ့ကို သတင်းပို့ခဲ့ပါတယ်” ဟု ဆိုသည်။

၎င်း ၆ ဦးအား Deen Dayal Upadhyay ဆေးရုံသို့ ချက်ချင်း ရွှေ့ပြောင်းခဲ့သော်လည်း ၄ ဦးမှာ သေဆုံးနေပြီဖြစ်ကြောင်း၊ ကျန် ၂ ဦးမှာလည်း သတိမေ့လျက်ရှိကာ နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သေဆုံးသွားသူများမှာ ဥတာပရာဒတ်ရှ်ပြည်နယ် Gorakhpur ခရိုင်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.