Connect with us

Asia

သမ္မတရှီကျင့်ဖိန် ၊ APEC ဆွေးနွေးပွဲ နှင့် တရုတ်နိုင်ငံ၏ ခေတ်သစ် သံတမန်ဆက်ဆံရေး စာမျက်နှာ

ဗီယက်နမ်နိုင်ငံဒါနန်းမြို့ ၌ နိုဝင်ဘာလ ၁၁ ရက်က ကျင်းပသည့် ၂၅ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု( APEC) ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား တွေ့ ရစဉ်(ဆင်ဟွာ)

ဗီယန်ကျန်း ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(APEC) ဆွေးနွေးပွဲတက်ရောက်ခြင်း နှင့် ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံများသို့တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်လည်ပတ်ခြင်းသည် သမိုင်းခေတ်သစ်တစ်ခုတွင် တရုတ်လူမျိုးများ၏ သွင်ပြင်လက္ခဏာများနှင့်အတူ အဓိက-နိုင်ငံတကာ သံခင်းတမန်ခင်း ဆက်ဆံရေး စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိက နိုဝင်ဘာလ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

မကြာသေးခင်က အောင်မြင်စွာကျင်းပပြီးခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံသည် တစ်ကမ္ဘာလုံး၏ အလေးဂရုပြုခြင်းကို ခံခဲ့ရကြောင်း ဝမ်ကပြောကြားခဲ့သည်။ထို့ပြင် ၎င်းက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရုတ်နိုင်ငံ၏ ကြီးမားသော အောင်မြင်မှုများ နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ နှင့် သံတမန်ဆက်ဆံရေးမူဝါဒများအပေါ် အာရုံစိုက်မှု ရရှိခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

သမ္မတရှီ၏ ၂၅ ကြိမ်မြောက် APEC စီးပွားရေးခေါင်းဆောင်များ ဆွေးနွေးပွဲ နှင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်း ဆိုရှယ်လစ်နိုင်ငံ နှစ်နိုင်ငံသို့နိုဝင်ဘာ ၁ဝ ရက် မှ ၁၄ ရက်ထိ သွားရောက်လည်ပတ်သော ခရီးစဉ်သည် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ ကျင်းပပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။

ရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရွေ့များ နှင့် အုပ်ချုပ်ပုံစည်းမျဉ်းများ ၊ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး စည်းမျဉ်းစည်းကမ်းများ ၊ ရိုးသားဖြောင့်မတ်မှု ၊ အပြန်အလှန်အကျိုးပြုမှု နှင့် လက်တွေ့ကျသော win-win ပူးပေါင်းဆောင်ရွက်မှု ၊ တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ်စနစ်အပေါ် ယုံကြည်ကိုးစားကြောင်း ဖော်ပြမှု ၊ သီအိုရီ ၊ စနစ် နှင့် ယဉ်ကျေးမှု ၊ တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာ များ နှင့်အတူ အဓိက နိုင်ငံတကာ သံခင်းတမန်ခင်း ဆက်ဆံရေး၏ ခေတ်သစ်ပါဝင်မှုများ နှင့် ဆန်းသစ်မှုများ ၊ စိတ်ခွန်အားသစ်များကို ဖွင့်ဟ ဖော်ပြလိုက်ခြင်း ဖြစ်ကြောင်း ဝမ်က မီးမောင်းထိုးပြောကြားခဲ့သည်။

သမ္မတရှီသည် ပြီးခဲ့သော ငါး ရက်တာ ကာလအတွင်း ကဏ္ဍစုံလှုပ်ရှားမှုများ နှင့် နှစ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ၄ဝ နီးပါး တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ပြည်ပနိုင်ငံများ၏ ထောက်ခံအားပေးမှုကို သိမ်းပိုက်အောင်မြင်ခဲ့သည်။ အာရှ-ပစိဖိတ်ဒေသပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုတောက်ပသော အကျိုးအမြတ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တရုတ်-လာအို နှင့် တရုတ်-ဗီယက်နမ် ဆက်ဆံရေးများတွင် ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ခဲ့သည်။

ရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ နိုင်ငံတကာ သံတမန်ဆက်ဆံရေး ဇာတ်ခုံသစ်တစ်ခုကို ဖွင့်လှစ်ရန်အတွက် အကြီးရေးသော လှုပ်ရှားမှုခရီးစဉ်တစ်ခုဖြစ်ကြောင်း ၊ လူသားဆန်မှုအတွက် အနာဂတ်ဝေမျှမှု အသိုက်အဝန်းတစ်ခု နှင့် နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ်တစ်ခုကို အခိုင်အမာတည်ဆောက်ရန်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ အတွေးအမြင် နှင့် ဖွံ့ဖြိုးရေးအကျိုးစီးပွားများကို ဖော်ထုတ်ပြသမှုတစ်ခုဖြစ်ကြောင်း နှင့် ခေတ်သစ်တစ်ခုတွင် တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာ နှင့်အတူ ဆိုရှယ်လစ်စနစ်တစ်ခုကို တည်ဆောက်ရန် ရှီကျင့်ဖိန်၏ ထင်ရှားသော အခင်းအကျင်းတစ်ခုဖြစ်ကြောင်း ပြည်တွင်းပြည်ပမှ ယေဘုယျအားဖြင့် ယုံကြည်ခဲ့ကြသည်။

ခရီးစဉ်အတွင်း ရှု့ထောင့်သုံးခုကို သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့ကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။

ပထမဆုံးအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် ကျယ်ပြန့်လာမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်မှု နှင့် အသိအမှတ်ပြုမှုကို သမ္မတရှီက ဖော်ညွှန်းခဲ့သည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်လျဉ်းပြီး သမ္မတရှီက ၎င်း၏မိန့်ခွန်းတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ခရီးရှည်သည် အလွန်အသေးစိတ်ကြောင်း ၊ ဖွံ့ဖြိုးမှုအကျိုးရလဒ်များ တောက်ပစွာ ပေါ်ထွက်လာကြောင်း ၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြခဲ့ကြောင်း နှင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုကို အပြည့်အဝ ဖော်ကျူးခဲ့ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယအချက်မှာ အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်မှု နှင့်ဆက်လျဉ်း၍ နက်ရှိုင်းစွာ အပြန်အလှန်အကျိုးပြုမှု နှင့် ဒေသတွင်း မတူကွဲပြားသည့် နိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှု အကြောင်းကို သမ္မတရှီကပြောကြားခဲ့သည်။ ပွင့်လင်းသော စီးပွားရေးစနစ်တစ်ခု တည်ဆောက်ရေး လမ်းကြောင်းကို ၎င်းက ထည့်သွင်းပြောကြားခဲ့ပြီး ၊ ဖွံ့ဖြိုးမှု အလှည့်သစ်တစ်ခုအတွက် အရေးပါသော မြေပုံလမ်းညွှန်မှုတစ်ခုအပါအဝင် လာမည့်အဆင့်တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် အရေးပါသော အားပေးထောက်ခံမှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအချက်မှာ သမ္မတရှီ၏ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်သည် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် တရုတ်နိုင်ငံ၏ အစဉ်အလာအတိုင်း အားပေးမြှင့်တင်ရန် နှင့် တရုတ်-ဗီယက်နမ် နှင့် တရုတ်-လာအို ဆက်ဆံရေးများ ပိုမိုခိုင်မာစေရေးကို ဆောင်ကြဉ်းပေးခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမျိုးသားလွတ်မြောက်မှု နှင့် တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဗီယက်နမ် ၊ လာအိုနိုင်ငံများ နှင့်အတူ လေးနက်သော ချစ်ကြည်ရင်းနှီးမှု ရှိခဲ့ကြောင်း ဝမ်ရိက မှတ်ချက်ပြုပြောကြားခဲ့သည်။ ထို့ပြင် အိမ်နီးချင်းပထဝီဝင် အနေအထား တည်ရှိမှုများ ၊ လူနေမှုဘဝပုံစံ နှင့် အိမ်နီးချင်းနိုင်ငံများအဖြစ် နီးနီးကပ်ကပ် ချစ်ကြည်ရင်းနှီးစွာ တည်ရှိခဲ့ရာ ဖွံ့ဖြိုးမှုတွင်လည်း ပုံစံ အလားသဏ္ဍာန်တူညီကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ အထွေထွေအတွင်းရေးမှူး လည်းဖြစ်သူ သမ္မတရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံနောက်ပိုင်း ပထမဆုံး ၎င်း၏ ပြည်ပနိုင်ငံခရီးစဉ်အဖြစ် ဗီယက်နမ် နှင့် လာအို နိုင်ငံများအားရွေးချယ်ခဲ့သည်။ ယင်းမှာ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို အထင်အရှားဖော်ပြသည့်သက်သေခံချက်အသစ်တစ်ခု ဖြစ်ကြောင်း ၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ဖော်ကျူးမှုအသစ်တစ်ခုဖြစ်ကြောင်း ၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ခြင်း ချဲ့ထွင်မှုအသစ်တစ်ခုဖြစ်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပြည်သူ့ထောက်ခံမှု၏ စည်းလုံညီညွတ်မှုအသစ်တစ်ခု ဖြစ်ကြောင်း ဝမ်ရိက ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.