Connect with us

Asia

အီရန်၊ အီရတ်တွင် လှုပ်ခတ်ခဲ့သော ငလျင်အတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးရန်အသင့်ရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

အီရန်နှင့် အီရတ် နယ်စပ်ဒေသတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံနှင့် အီရတ်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် တရုတ်နိုင်ငံက ကြေကွဲဝမ်းနည်းမိပါကြောင်း အကူအညီများ ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း နိုဝင်ဘာလ ၁၄ ရက်က ပြောကြားခဲ့သည်။

ပမာဏ ၇.၃ ရှိသော အင်အားပြင်း ငလျင်တစ်ခု အီရတ်-အီရတ် နယ်စပ်ဒေသတွင် နိုဝင်ဘာလ ၁၃ ရက်က လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၄၄၅ ဦး သေဆုံးခဲ့ပြီး ၇၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိ ကွမ်ရှုံ့က “တရုတ် သမ္မတ ရှီကျင့်ဖိန်က အီရတ် သမ္မတ Fuad Masum နဲ့ အီရန် သမ္မတ Hassan Rouhani တို့ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် လီခဲ့ချန်ကလဲ အီရတ် ဝန်ကြီးချုပ် Haider al-Abadi ထံလဲ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်။ တရုတ်က အဲဒီအခြေအနေတွေနဲ့ အနီးကပ်ရှိနေပြီး နှစ်နိုင်ငံအတွက် လိုအပ်တဲ့ အကူအညီတွေကို ထောက်ပံ့ကူညီသွားမှာပါ” ဟု နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ငလျင်၏ ဗဟိုချက်မှာ ခန့်မှန်းခြေ ဘဂ္ဂဒက် အရှေ့မြောက်ဘက် ၂၀၀ ကီလိုမီတာနှင့် တီဟီရန် အနောက်ဘက် ၄၀၀ ကီလိုမီတာရှိသော အီရတ်နိုင်ငံ အရှေ့ပိုင်း တောင်ထူထပ်သောဒေသရှိ Halaja မြို့ တောင်ဘက် ၃၂ ကီလိုမီတာ ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒ သုတေသနစစ်တမ်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.