Connect with us

Asia

BRICS မူဝါဒပိုင်း ဆိုင်ရာ အစီအစဉ်ရေးဆွဲခြင်း ဆိုင်ရာ အစည်းအဝေးအား အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

BRICS အား သရုပ်ဖော်ထားပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံက ဥက္ကဋ္ဌအဖြစ် BRICS မူဝါဒပိုင်း ဆိုင်ရာ အစီအစဉ် ရေးဆွဲခြင်း အစည်းအဝေးအား အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Patna မြို့၌ ဇူလိုင်လ ၂၆ ရက်တွင် ကျင်းပကြောင်း သိရသည်။

ထိုအစည်းအဝေးသို့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူက ပြောသည်။
စိတ်ပါဝင်စားမှု၊ ပါဝင်မှုနှင့် စုပေါင်းမှုများဖြင့် အဖြေရှာဖွေခြင်း ဟူသော ရည်ရွယ်ချက်များနှင့် ဆက်စပ်သော တရားဝင် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အစည်းအဝေးအား အိန္ဒိယက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းလည်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် BRICS ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားစဉ်တွင် BRICS အဖွဲ့ဝင်နိုင်ငံများ အတွင်း ပူးပေါင်း ဆောင်ရွက်မှုများအား ပိုမို နက်ရှိုင်းပြီး အကျိုးပြုသော ပူးပေါင်း ဆောင်ရွက်မှုအား တည်ဆောက်ခြင်း၊ Fortaleza နှင့် Ufa တို့၌ ပြုလုပ်ခဲ့သည့် ယခင် ထိပ်သီး အစည်းအဝေးများ၏ ဆုံးဖြတ်ချက်အား အကောင် အထည်ဖော်ခြင်း၊ ရှိနှင့်ပြီးသော ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းအကြား ညှိနှိုင်း ဆောင်ရွက်မှုများအား ပေါင်းစည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံး လုပ်နည်းသစ်များအား ဆန်းသစ်ခြင်းနှင့် ရှိနှင့်ပြီးသော BRICS ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းအား ဆက်လက်လုပ်ဆောင်ခြင်း စသည့် အဓိက ရည်ရွယ်ချက် ၅ ရပ်အား လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ အရာရှိ တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ဒေသဆိုင်ရာ The Pioneer သတင်းစာ၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.