Connect with us

Asia

ဂျပန်နိုင်ငံတွင် ပျောက်ဆုံးနေသော GSDF လေယာဉ်အစိတ်အပိုင်းဟု ယူဆရသည့် အပျက်အစီးအပိုင်းအစကို တွေ့ရှိ

ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ မှ စစ်ရဟတ်ယာဉ်တစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

တိုကျို ၊ မေ ၁၆ ရက် (ဆင်ဟွာ)

မေလ ၁၅ ရက် နံနက်အစောပိုင်းက ရှာဖွေ ရှာဖွေတွေ့ရှိထားသော အပျက်အစီးအပိုင်းအစတစ်ခုသည် ဂျပန်နိုင်ငံ၏ မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(GSDF) မှ ပျောက်ဆုံးလျက်ရှိသော စစ်လေယာဉ်၏ အစိတ်အပိုင်းဖြစ်နိုင်ကြောင်း ဒေသတွင်းမီဒီယာများက မေလ ၁၆ ရက်တွင် ရေးသားဖော်ပြသည်။

ဒေသဆိုင်ရာရဲတပ်ဖွဲ့၏ အဆိုအရ Hokuto မြို့အနီး တောင်ထူထပ်သော နေရာ၌ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၁၄ မိနစ်တွင် အပျက်အစီးအပိုင်းအစများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနေရာသည် လေယာဉ်ပျက်ကျသွားသော နေရာဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျသော နေရာဖြစ်ဖွယ်ရှိသည့် နေရာတစ်ဝိုက်တွင် ရဲတပ်ဖွဲ့၊ မီးသတ် နှင့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့(SDF) မှ တပ်ဖွဲ့ဝင်များသည် အပူတပြင်းရှာဖွေရေး အစီအစဉ်များကို စတင်လုပ်ဆောင်လျက်ရှိသည်။ထို့ပြင် SDF တပ်ဖွဲ့မှ ရဟတ်ယာဉ်များစွာသည်လည်း Hokuto မြို့၊ Hakamagoshi တောင်တန်းပေါ်ရှိ လေယာဉ်ပျောက်ဆုံးသွားသည်ဟု ယူဆရသည့် နေရာတစ်ဝိုက်တွင် ရှာဖွေရေးအစီအစဉ်များကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.