Connect with us

Asia

အာဖဂန် အရှေ့ပိုင်းမြို့မှာ တာလီဘန် တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး

အာဖဂန် စစ်တပ်မှ စစ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အဆာဒါဘတ်၊ အာဖဂန်နစ္စတန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မှ ကီလိုမီတာ ၁၈၀ အကွာရှိ ကူနားပြည်နယ်မြို့တော် အဆာဒါဘတ်တွင် တာလီဘန်များက ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ရဲချုပ် ဂျူမာဂူလ်ဟဲမတ်က ပြောသည်။

“ဒေသစံတော်ချိန် နံနက် ၉း၀၀ နာရီအချိန်မှာ တာလီဘန်တွေက အဆာဒါဘတ်မြို့ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ၂ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်” ဟု ဟဲမတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အနီးဝန်းကျင်ရှိ ကူနားပြည်နယ် ဆက်သွယ်ရေးဋ္ဌာန အပါအဝင် အဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နှင့် နယ်စပ်ဖြစ်သော ကူနားပြည်နယ်ရှိ နေရာများတွင် လွန်ခဲ့သော ရက်များအတွင်း တာလီဘန်များက အစိုးရတပ်များအား တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.