Connect with us

Asia

စင်ကာပူ၏ ပထမဆုံးအမျိုးသမီး သမ္မတအဖြစ် Halimah Yacob ကျမ်းသစ္စာကျိန်ဆို

စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတသစ် Halimah Yacob (ရှေ့တန်း ယာ) နှင့် ၎င်း၏ ခင်ပွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ၏ ရွေးကောက်ခံ သမ္မတ Halimah Yacob သည် သမ္မတအိမ်တော် Istana တွင် စက်တင်ဘာလ ၁၄ ရက် ညပိုင်းက က နိုင်ငံ၏ ၈ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် Halimah Yacob က ၎င်းအနေဖြင့် ရွေးကောက်ပွဲ၊ ဘာသာစကား သို့မဟုတ် ဘာသာတရားများအား အလေးထားကာ စင်ကာပူနိုင်ငံသား တစ်ဦးစီတိုင်းအတွက် တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

Halimah Yacob အား စက်တင်ဘာလ ၁၃ ရက်က စင်ကာပူနိုင်ငံ၏ သမ္မတသစ်အဖြစ် ကြေညာခဲ့သည်။ ၎င်းသည် မလေးအသိုင်းအဝိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည် တစ်ဦးတည်းသော အရည်အချင်းပြည့်မီ သမ္မတလောင်း တစ်ဦးလည်း ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်သော Halimah Yacob သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး သမ္မတ ရွေးကောက်ပွဲဝင်ရန်အတွက် ပြီးခဲ့သည့်လက ရာထူးမှ နုတ်ထွက်ခဲ့သည်။

စင်ကာပူနိုင်ငံ သမ္မတဟောင်း Tony Keng Yam သည် သြဂုတ်လကုန်တွင် ၎င်း၏ ခြောက်နှစ်တာ သက်တမ်း ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.