Connect with us

Asia

တောင်ကိုရီးယား၏ Hyundai ကားကုမ္ပဏီ က လူ့ခန္ဓာကိုယ်တွင် တပ်ဆင် လှုပ်ရှားနိုင်သည့် စက်ရုပ်အား ထုတ်ဖော်ပြသ

ဆိုးလ်၊ မေ ၁၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် Hyundai Motor Group က စစ်တပ် နှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ အပါအဝင် အခြား ကဏ္ဍများတွင်လည်း အသုံးပြုနိုင်သော လူ့ခန္ဓာကိုယ် တွင် တပ်ဆင် လှုပ်ရှားနိုင်သည့် စက်ရုပ်အား ထုတ်ဖော်ပြသခဲ့ကြောင်း Hyundai Motor Group တာဝန်ရှိသူ များက မေလ ၆ ရက် တွင် ပြောကြားခဲ့သည်။

Hyundai မှ တာဝန်ရှိသူ တစ်ဦးက အဆိုပါက စက်ရုပ်အား စီးပွားရေး ဆိုင်ရာ ရည်ရွယ်ချက်များ အတွက် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အခြား ကဏ္ဍများ အတွက်လည်း အသုံးပြုနိုင်ကြောင်း၊ လူ နှင့် အရာဝတ္တုများ လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် ရည်ရွယ်သည့် Hyundai Motor Group ၏ အမြင်နှင့် စက်ရုပ် ထုတ်လုပ်မှု ရည်ရွယ်ချက်နှင့် တစ်ထပ်တည်း ဖြစ်ကြောင်း Yonhap သတင်းဋ္ဌာနသို့ပြောကြားခဲ့သည်။
အဆိုပါ စက်ရုပ်သည် “Iron Man” ရုပ်ရှင်ဇာတ်ကား အထဲတွင် ပါဝင်သည့် စက်ရုပ်ဝတ်စုံ နှင့် တူညီကြောင်း သိရသည်။
ယင်း စက်ရုပ် ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်သည် ထိန်းချုပ်သူအား ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ မြင့်မားလာ စေပြီး ၆၀ ကီလိုဂရမ် နှင့် အထက် လေးလံသည့် အရာဝတ္တုများအား မတင်နိုင်ရန်၊ လမ်းလျှောက်ခြင်း နှင့် လှေကားပေါ် တက်ခြင်းများ တို့ကို ကူညီ ပြုလုပ်ပေးရန် ဖြစ်ကြောင်း သိရသည်။
စက်ရုပ်အား မသန်စွမ်းများ၊ သက်ကြီး ရွယ်အိုများ အား ကူညီ ထောက်ပံ့ပေးရန်နှင့် အမျိုးမျိုးသော လုပ်ဆောင်ချက်များ တွင်လည်း အသုံးပြုနိုင်ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.