Asia
တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီ ၂၇ ရက်နေ့တွင် ကျင်းပမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအန်း(Kim Jong-un)က ဆို

ပြုံယမ်း ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)
တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ် ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ကျုံအန်း(Kim Jong-un)က ယခုလ ၉ ရက်နေ့တွင် ကျင်းပ သော မြောက်ကိုရီးယားအလုပ်သမားပါတီ(WPK)ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ကိုယ်စားလှယ်များ၏အဆင့်မြင့်ဆွေးနွေးပွဲကို မတ်လ ၂၉ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံး(Panmunjom)ကျေးရွာ ၏မြောက်ကိုရီးယားဘက်အခြမ်းရှိ Tongil ခန်းမ၌ ကျင်းပခဲ့ ပြီး တောင်-မြောက် ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၂၇ ရက်နေ့တွင် ပန်မွန်ဂျုံး(Panmunjom) ကျေးရွာ၊တောင်ကိုရီးယားဘက်အခြမ်းရှိ House of Peace၌ကျင်းပရန် နှစ်ဖက်ညှိနှိုင်းသတ်မှတ်ထားပြီဖြစ် ကြောင်း သိရသည်။
၂၀၀၀ခုနှစ် နှင့် ၂၀၀၇ ခုနှစ်တွင် တောင်ကိုရီးယား သမ္မတ ကင်ဒေးဂျန်(Kim Dae-jung) နှင့် ရိုမူဟွန်(Roh Moo-hyun)တို့ ပြုံယမ်းသို့သွားရောက်၍ မြောက်ကိုရီးယားသမ္မတ ကင်ကျုံလီ(Kim Jong-il)နှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။ (Xinhua)