Connect with us

Asia

တရုတ်-လာအို ရထားလမ်း M&E လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက် 

တရုတ်-လာအို ရထားလမ်း M&E လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၁၆ ရက်(ဆင်ဟွာ) 

China Railway Wuhan Electrification Engineering Group Co., Ltd. (WEEG)မှ တာဝန်ယူတည်ဆောက်သော တရုတ်-လာအို ရထားလမ်းစီမံကိန်း၏ M&E (mechanical and electrical)လုပ်ငန်းများကို တရားဝင် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း Laos-China Railway Co., Ltd.၏ ပြောကြားချက်များအရ သိရသည်။WEEG ကုမ္ပဏီအနေဖြင့် လက်ရှိ ကပ်ရောဂါအခက်အခဲများကို ကျော်လွှားကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရထားလမ်း အပြည့်အစုံ ဖွင့်လှစ်သွားမည့် ရည်မှန်းချက်ကို ဘက်စုံ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းသိရသည်။ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးနှင့် အခြား အခက်အခဲတွေကို ကျော်လွှားပြီး ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု ကဏ္ဍနှစ်ခုကို မလစ်ဟင်းအောင် ဆောင်ရွက်ခြင်းကြောင့် စီမံကိန်းများ သတ်မှတ်ကာလအတိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ 

တရုတ်-လာအို ရထားလမ်းကို တည်ဆောက်ကာ နှစ်နိုင်ငံပြည်သူ့အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်မည် ဟူသော ရည်ရွယ်ချက်ကို လက်ကိုင်ထားရင်း တရုတ်-လာအို နှစ်နိုင်ငံ ပြည်သူအများထံသို့ ကျေနပ်အားရမှုရှိစေမည့် လုပ်ငန်းရလဒ်အဖြေလွှာကို ပေးအပ်သွားမည်ဟု WEEG ကုမ္ပဏီ စီမံကိန်းဌာနက ဆိုသည်။တရုတ်-လာအို ရထားလမ်းသည်  တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းနှင့် လာအိုနိုင်ငံ၏ ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းဆက်နိုင်ငံအဖြစ်သို့ ပြောင်းလဲမည့် မဟာဗျူဟာနှင့် ချိတ်ဆက်ထား သည့် စီမံကိန်း တစ်ခုဖြစ်သည်။ အဆိုပါ ရထားလမ်း စီမံကိန်း၏ လာအိုနိုင်ငံအပိုင်းတွင် မြောက်ဘက် လာအို-တရုတ်နယ်စပ် Boten ဂိတ်မှအစပြု၍ တောင်ဘက် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းအထိ ဆက်သွယ်ထားရာ စုစုပေါင်း ၄၁၄ ကီလိုမီတာ ရှိကြောင်း သိရသည်။ 

တရုတ်-လာအို ရထားလမ်း M&E လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း M&E လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း M&E လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း M&E လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း M&E လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရထားလမ်း၏တည်ဆောက်မှုအားလုံးကို တရုတ်နိုင်ငံ၏စီမံခန့်ခွဲမှုစံချိန်နှင့်နည်းပညာ စံချိန်အတိုင်း တည်ဆောက်ထားရာ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ မြန်နှုန်းဖြင့် ခရီးသည်တင် ရထားနှင့်ကုန်တင်ရထားနှစ်မျိုးလုံးသွားလာနိုင်သည့် လျှပ်စစ်ရထားလမ်းဖြစ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.