Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ Maluku ပြည်နယ် အနီးရှိ ပင်လယ်ပြင် တွင် ရစ်(ခ်)တာစကေး ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင် ဖြစ်ပွားခဲ့သည့် အင်ဒိုနီးရှား နိုင်ငံ Maluku ပြည်နယ် Buru ခရိုင် အရှေ့မြောက်ပိုင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-google maps)

ဂျာကာတာ ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ Maluku ပြည်နယ် အနီးရှိ ပင်လယ်ပြင် တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းအချိန်၌ ပြင်းအား ရစ်(ခ်)တာစကေး ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု စာရင်း မထွက်ရှိ သေးကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ ငလျင် သည် ၂၆ ရက်နေ့ ၂၀ နာရီ ၃၄ မိနစ် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး Maluku ပြည်နယ် Buru ခရိုင် အရှေ့မြောက်ပိုင်း ၇၈ ကီလိုမီတာ ကွာဝေး သည့် ပင်လယ်ပြင် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကာ မြေအောက်အနက် ၁၀ ကီလိုမီတာ ကို ဗဟို ပြု၍ လှုပ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ အနေဖြင့် ယခု ဖြစ်ပွား ခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ဆိုနာမီ သတိပေးကြေညာချက် မထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အင်ဒိုနီးရှား နိုင်ငံ သည် ငလျင် မကြာခဏ ဖြစ်ပွား ရာဒေသတွင် တည်ရှိပြီး နှစ်စဉ် ငလျင် ကြီး/ငယ် ပေါင်း ထောင် နှင့် ချီ၍ ဖြစ်ပွားလေ့ရှိကြောင်း ၊ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ လတွင် ဖြစ်ပွား ခဲ့သည့် ပြင်းထန်သည့် ငလျင်ကြောင့် အိန္ဒိယ သမုဒ္ဒရာ တွင် ဆိုနာမီ ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.