Asia
တရုတ်နိုင်ငံ၏ Medal of Friendship ဆု အပ်နှင်းမှုအား ထိုင်းမင်းသမီး သီရိဒုံ လက်ခံ

ဘန်ကောက်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ မင်းသမီး မဟာ ချာခရီ သီရိဒုံ (Maha Chakri Sirindhorn) သည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ချစ်ကြည်ရေး လုပ်ဆောင်မှုတွင် ၎င်း၏ ကြီးမားသည့် ကူညီထောက်ပံ့မှုအတွက် တရုတ်နိုင်ငံက Medal of Friendship ဆု အပ်နှင်းမှုအား မင်းသမီးက လက်ခံခဲ့ကြောင်း သိရသည်။
မင်းသမီး သီရိဒုံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်တွင် သမ္မတအမိန့်ဖြင့် ဂုဏ်ထူးဆောင် ဆုတံဆိပ် ဖြစ်သော Medal of Friendship ဆု ချီးမြှင့်ခံရသည့် နိုင်ငံခြားသား ၆ ဦးအနက် တစ်ဦးဖြစ်သည်။
လက်ရေးဖြင့် အကြောင်းပြန်ကြားခဲ့သည့်စာ၌ သီရိဒုံက တရုတ်နိုင်ငံ အစိုးရက အပ်နှင်းသည့် Medal of Friendship ဆု အတွက် အလွန် ကျေနပ်အားရပါကြောင်းနှင့် တရုတ်နိုင်ငံတွင် ဆုတံဆိပ် အပ်နှင်းပွဲ အခမ်းအနားအတွက် စိတ်လှုပ်ရှားမိပါကြောင်း၊ အဆိုပါ ဆုတံဆိပ်မှာ ၎င်း၏ ဘဝ၌ အရေးပါသော အတွေ့အကြုံတစ်ခု ဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသားများနှင့် တရုတ် အစိုးရက စိတ်ရှည်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှု၊ လုံ့လဝီရိယရှိမှုနှင့် ဗဟုသုတအတွက် ဆန္ဒရှိမှုအား မှတ်ချက်ပြုခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခါသမယတွင် တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံသားများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မင်းသမီးက ပြောကြားခဲ့သည်။
“တရုတ်ဘာသာစကားနဲ့ လူမှုအဖွဲ့အစည်းကို တစ်လလောက် လေ့လာခွင့်ရခဲ့တဲ့အခါ ထိုင်းကျောင်းသားတွေကို တရုတ်နိုင်ငံမှာ အထူးသဖြင့် သိပ္ပံ၊ နည်းပညာနဲ့ အရင်က တရုတ်နိုင်ငံမှာ မလေ့လာခဲ့ရတဲ့ အခြားဘာသာရပ်တွေ သင်ကြားရန် စေလွှတ်ဖို့ စဉ်းစားခဲ့တယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)