Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ရှားမှုကြောင့် လူ ၂၀သေဆုံးပြီး လူ ၁၂,၀၀၀ကျော် အိုးအိမ်များ စွန့်ခွာထွက်ပြေး

ငလျင်လှုပ်ရှားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

 

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Maluku ပြည်နယ်တွင် စက်တင်ဘာ ၂၆ ရက် အစောပိုင်းက အင်အား ၆.၅ အဆင့်ရှိ ငလျင် လှုပ်ရှားမှုကြောင့် လူ ၂၀ သေဆုံးပြီး လူ ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ အကြီးတန်းအရာရှိက ပြောကြားသည်။

အဆိုပါ ငလျင်လှုပ်ရှားမှုကြောင့် နေအိမ် ၁၀၀ကျော်နှင့် တံတားတစ်စင်း၊ ဆေးရုံ ၂ရုံ၊ တက္ကသိုလ် ၂ခုထိခိုက်ပျက်စီးပြီး လူ ၁၂,၀၀၀ကျော် အိုးအိမ်များစွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ ပြည်နယ်၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ စစ်ဆင်ရေး ခေါင်းဆောင် Farida Salampessy ကပြောကြားသည်။

 

ငလျင်လှုပ်ရှားမှုကြောင့် အခြားဒေသများတွင် ထိခိုက်မှုစာရင်း ရောက်ရှိလာခြင်းမရှိသေးကြောင်း၊ ငလျင်ကြောင့် သေဆုံးသူမြင့်တက်လာနိုင်ကြောင်း ၎င်းက ဆင်ဟွာသတင်းဌာနသို့  ဖုန်းဖြင့် ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.