Asia
ရှီကျင့်ဖိန်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း တိုမီအီချိ မူရာယာမ ကွယ်လွန်မှုအတွက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း တိုမီအီချိ မူရာယာမ ကွယ်လွန်မှုအတွက် ဝမ်းနည်ကြေကွဲကြောင်း၊ မိသားစုဝင်များထံ စိတ်ရင်းအမှန်ဖြင့် နှစ်သိမ့်စကားပို့သကြောင်း ဖော်ပြထားသည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို အောက်တိုဘာ ၁၉ ရက်တွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာထံ ပေးပို့ခဲ့သည်။သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တိုမီအီချိ မူရာယာမသည် ဂျပန်နိုင်ငံ၏ အမှန်တရားခံစားချက် စိတ်ဓာတ်ရှိသော နိုင်ငံရေးပုဂ္ဂိုလ်ဖြစ်သလို တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းလည်းဖြစ်ရာ တရုတ်-ဂျပန် ချစ်ကြည်ရေးလုပ်ငန်းများကို ကာလကြာရှည်စွာ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
၁၉၉၅ ခုနှစ်တွင် တိုမီအီချိ မူရာယာမသည် ထိုစဉ်က ဂျပန်ဝန်ကြီးချုပ်အနေဖြင့် သမိုင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ တရားဝင်အမှာစကားပြောကြားရာ၌ ဂျပန်ကျူးကျော်စစ်ပွဲနှင့် ကိုလိုနီအုပ်ချုပ်မှုသမိုင်းအား ဝန်ခံကာ နက်ရှိုင်းစွာ ဆင်ခြင်သုံးသပ်ပြီး ထိခိုက်နစ်နာသူနိုင်ငံထံသို့ တောင်းပန်စကား ဆိုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တိုမီအီချိ မူရာယာမ အမှာစကား” ၏ စိတ်ဓာတ်အား လိုက်နာသင့်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူလျှောက်လှမ်းကာ သမိုင်းမှ မှတ်သားသင်ယူပြီး အနာဂတ်ကို မျက်နှာမူ၍ နှစ်ဖက်ဆက်ဆံရေး နိုင်ငံရေးအခြေခံအား ကာကွယ်ထိန်းသိမ်းခြင်းဖြင့် တရုတ်-ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန်အကျိုးပြုသော ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအား လက်တွဲ၍ ဘက်စုံတွန်းအားပေး ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————————————
(Chinese Version)
习近平就日本前首相村山富市逝世向日本首相石破茂致唁电
新华社北京10月19日电 10月19日,国家主席习近平就日本前首相村山富市逝世向日本首相石破茂致唁电,对村山富市逝世表示哀悼,向遗属表示慰问。
习近平指出,村山先生是日本富有正义感的政治家,也是中国人民的老朋友,长期致力于中日友好事业。1995年村山先生作为时任日本首相就历史问题发表正式谈话,承认并深刻反省日本侵略战争和殖民统治历史,向受害国道歉。“村山谈话”的精神应当恪守。希望日方同中方相向而行,以史为鉴、面向未来,维护双边关系政治基础,携手全面推进中日战略互惠关系发展。(完)
图说:这是2015年7月29日在日本东京拍摄的村山富市的资料照片。 新华社发