Connect with us

Asia

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် ဆွေးနွေးညှိနှိုင်းမှုတွင် ရလဒ်မရရှိဟု အာဖဂန်နစ္စတန်အစိုးရ ပြောကြား

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်၏ Torkham နယ်စပ်ဂိတ်တွင် လမ်းပြဆိုင်းဘုတ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့တို့ မကြာသေးမီက တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့သည့် ဆွေးနွေးညှိနှိုင်းမှုတွင် ရလဒ်မရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အစိုးရပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။အာဖဂန်နစ္စတန်အနေဖြင့် နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ ထိုကာလအတွင်း ပါကစ္စတန်ဘက်က မိမိ၏လုံခြုံရေးနှင့် သက်ဆိုင်သော တာဝန်အားလုံးကို အာဖဂန်နစ္စတန်အစိုးရထံ ပုံချရန် ကြိုးပမ်းခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် အာဖဂန်နစ္စတန် သို့မဟုတ် မိမိ၏လုံခြုံရေးတာဝန်အား ထမ်းဆောင်လိုသည့်ဆန္ဒ ဖော်ပြခြင်းမရှိကြောင်း Zabihullah Mujahid က ထိုနေ့တွင် လူမှုမီဒီယာပလက်ဖောင်း X ၌ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့၏ တာဝန်ယူမှုမရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိသည့် သဘောထားကြောင့် ဆွေးနွေးညှိနှိုင်းမှုသည် ရလဒ်မရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်အနေဖြင့် မိမိ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် လုံခြုံရေးအား ကာကွယ်ထိန်းသိမ်းရန် အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး Khawaja Asif က နိုဝင်ဘာ ၇ ရက်တွင် နှစ်ဖက်အနေဖြင့် မည်သည့်သဘောတူညီချက်မျှ မရရှိခဲ့ဘဲ ဆွေးနွေးညှိနှိုင်းမှုသည် အကန့်အသတ်မဲ့ ရပ်ဆိုင်းသည့်ကာလသို့ ဝင်ရောက်သွားကြောင်း ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်အနေဖြင့် စာအားဖြင့် သဘောတူညီချက်အား လက်မှတ်မရေးထိုးလိုကြောင်း၊ အာဖဂန်နစ္စတန် ကိုယ်စားလှယ်အဖွဲ့က နှုတ်အားဖြင့်သဘောတူညီချက်အား လိုက်နာစောင့်ထိန်းမည်ဟု ပြောဆိုခဲ့သော်လည်း ပါကစ္စတန်အနေဖြင့် အဆိုပါကတိကဝတ်သည် အကောင်အထည်ဖော်နိုင်သည့် ဖြစ်နိုင်ခြေမရှိဟု ယူဆကြောင်း Khawaja Asif က ပါကစ္စတန် မီဒီယာတွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။ နှစ်ဖက်က ထိုမတိုင်မီရရှိထားသော အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်သည် အသက်ဝင်နေဆဲဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်ဘက်က သဘောတူညီချက်ချိုးဖောက်ပါက ပါကစ္စတန်ဘက်က သင့်တော်သည့် တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်ဒေသတွင် လတ်တလောကာလ၌ ပစ်ခတ်မှု အကြိမ်များစွာ ဖြစ်ပွားခဲ့သည်။ ကာတာနှင့် တူကီယဲတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် ချက်ချင်းအပစ်ရပ်၍ အပစ်ရပ်မှု စဉ်ဆက်မပြတ်ဖြစ်ရေးအား အာမခံနိုင်ရန် ဆက်လက် တွေ့ဆုံဆွေးနွေးသွားမည်ဟုလည်း သဘောတူညီခဲ့ကြကြောင်း ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ နှစ်ဖက်က တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌တွေ့ဆုံဆွေးနွေးမှု ကျင်းပခဲ့သော်လည်း ဖြစ်နိုင်ခြေရှိသည့်နည်းလမ်း ရရှိခဲ့ခြင်းမရှိပေ။ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပသည့် အသစ်တစ်ကြိမ်ဆွေးနွေးညှိနှိုင်းမှု စတင်သည့်နေ့တွင် နှစ်နိုင်ငံနယ်စပ်ဒေသ၌ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————-
(Chinese Version)
阿富汗政府:阿巴会谈未能取得成果
新华社喀布尔11月8日电(记者张艺缤 胥舒骜)阿富汗政府发言人扎比乌拉·穆贾希德8日表示,阿富汗与巴基斯坦代表团近日在土耳其伊斯坦布尔市举行的会谈未能取得成果。
穆贾希德当天在社交平台X上发表声明说,阿方6日至7日与巴基斯坦代表团举行会谈。其间,巴方试图将所有与自身安全相关的责任推卸给阿富汗政府,同时并未表现出承担阿富汗或自身安全责任的意愿。他指出,巴方代表团不负责任和缺乏合作态度,使得会谈未能取得成果。阿富汗已做好充分准备,维护阿富汗的主权、独立和安全。
巴基斯坦国防部长赫瓦贾·阿西夫7日表示,双方没有达成任何协议,会谈进入无限期搁置阶段。阿西夫接受巴基斯坦媒体采访时称,阿方不愿签署书面协议。尽管阿富汗代表团表示将遵守口头协议,但巴方认为这一承诺没有实现的可能。他强调,双方此前达成的停火协议仍然有效。一旦阿方违反协议,巴方将予以适当回应。
巴基斯坦和阿富汗边境地区近期多次发生交火。卡塔尔外交部10月19日说,在卡塔尔和土耳其斡旋下,巴阿同意立即停火,并将继续会谈确保实现停火的可持续性。同月25日至29日,双方在伊斯坦布尔举行会谈,但未能达成可行方案。本月6日新一轮会谈开始当天,两国边境再度发生交火。(完)
图说:这是10月13日在巴基斯坦与阿富汗的边境口岸多尔哈姆拍摄的路牌。新华社发