Connect with us

Asia

ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက်သော မှားယွင်းသည့် ပြောဆိုချက်များကို ဂျပန်နိုင်ငံ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ဝေဖန်

ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိ (ရှေ့တန်း၊ ဝဲဘက် ဒုတိယ) သည် တိုကျိုမြို့၌ ယာယီလွှတ်တော် အောက်လွှတ်တော် ဝန်ကြီးချုပ် ရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံ၏ ၁၀၄ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ရွေးချယ်ခံရစဉ် (ဆင်ဟွာ)

တိုကျို၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မကြာသေးမီတွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက လွှတ်တော်တွင် ထုတ်ဖော်ပြောကြားခဲ့သည့် ထိုင်ဝမ်နှင့်ပတ်သက်သော မှားယွင်းသည့် ပြောဆိုချက်သည် ဂျပန်နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြင်းထန်သော အငြင်းပွားပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ဂျပန်နိုင်ငံ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ဆာနာအဲ တာကာအိချိ ပြောဆိုချက်၏ ဥပဒေအထောက်အထား၊ မူဝါဒလော့ဂျစ်နှင့် ထိုမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော ဒေသတွင်း လုံခြုံရေးဆိုင်ရာ အန္တရာယ်များအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြပြီး သက်ဆိုင်ရာ ဆုံးဖြတ်မှုများသည် ဖြစ်ရပ်မှန်နှင့် ဥပဒေဆိုင်ရာ ထောက်ခံမှုများ ကင်းမဲ့ကာ ယင်းမှာ ဂျပန်နိုင်ငံ၏ လုံခြုံရေးဆိုင်ရာမူဝါဒ ဦးတည်ချက်များကို လွဲမှားစေပြီး ဂျပန်-တရုတ်ဆက်ဆံရေး တင်းမာမှုကို တစ်ဆင့်တိုး ဆိုးရွားစေမည်ဟု ယူဆကြသည်။နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံရေးလောကမှ လူပုဂ္ဂိုလ်များနှင့် အိုကီနာဝါခရိုင် အရပ်ဘက်အဖွဲ့အစည်း အများအပြားသည် တိုကျိုမြို့တွင် စုဝေးပွဲတစ်ပွဲ ကျင်းပကာ ဂျပန်အစိုးရအနေဖြင့် မကြာသေးမီနှစ်များအတွင်း အိုကီနာဝါခရိုင်၌ လက်နက်ပြင်ဆင်မှုများ စဉ်ဆက်မပြတ် မြှင့်တင်လုပ်ဆောင်မှုအပေါ် ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့ပြီး တာကာအိချိ၏ ပြောဆိုချက်များအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။

တာကာအိချိက “ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်း” ကို “သေရေးရှင်ရေး အကျပ်အတည်းအခြေအနေ” အဖြစ် ရှုမြင်ဆုံးဖြတ်ခြင်းသည် လော့ဂျစ်အရ ရပ်တည်ရန်ခက်ခဲကြောင်း၊ ထိုင်ဝမ်သည် နိုင်ငံတစ်နိုင်ငံ မဟုတ်ဘဲ တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂျပန်က အင်အားသုံးခွင့်ရှိသည့် အခြေအနေတွင် မထည့်သွင်းသင့်ကြောင်း၊ ဤသို့သော ပြောဆိုမှုမှာ ဥပဒေရှုထောင့်တွင် ပြဿနာရှိသည်မှာ ထင်ရှားကြောင်း ဂျပန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် မီဇူဟို ဖူကူရှီးမားက စုဝေးပွဲတွင် ထောက်ပြခဲ့သည်။ အင်အားသုံးမှု အတိုင်းအတာကို ပေါ့ဆစွာ တိုးချဲ့ခြင်းသည် အလွန်အန္တရာယ်များပြီး ဂျပန်နိုင်ငံ၏ အနာဂတ်လုံခြုံရေးမူဝါဒအပေါ် နက်ရှိုင်းသော သက်ရောက်မှုရှိနိုင်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။

“ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်း” ဆိုသည့် ပြောဆိုမှုနှင့် တာကာအိချိ၏ ဆီလျော်မှုမရှိသော ပြောဆိုချက်များသည် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အား ယင်းကိစ္စရပ်အတွင်း ပါဝင်ပတ်သက်သွားစေပြီး ကြီးမားသော ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ တာကာအိချိ၏ “သေရေးရှင်ရေး အကျပ်အတည်းအခြေအနေ” ဟူသော ပြောဆိုချက်သည် အလွန်ပြင်းထန်သော ဖော်ပြချက်တစ်ခုဖြစ်ကြောင်း ဂျပန်နိုင်ငံ အိုကီနာဝါခရိုင် Ginowan မြို့ မြို့တော်ဝန်ဟောင်း၊ အထက်လွှတ်တော် အမတ် Yōichi Iha က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် မကြာသေးမီနှစ်များတွင် လက်နက်ပြင်ဆင်မှုကို စဉ်ဆက်မပြတ် မြှင့်တင်လုပ်ဆောင်ခဲ့ပြီး ၎င်း၏ “လုံခြုံရေး စာရွက်စာတမ်း ၃ ခု” ဟူသည်မှာ စစ်ပွဲအတွက် ပြင်ဆင်မှုကိုသာ ဖော်ပြပြီး စစ်ပွဲမှ ရှောင်ရှားရန်အကြောင်းကို ဖော်ပြခြင်းမရှိသောကြောင့် အလုံးစုံဦးတည်ချက်သည် အမေရိကန်က သတ်မှတ်ထားသော မဟာဗျူဟာမူဘောင်အတွင်း ကျရောက်သွားကာ ဂျပန်နိုင်ငံအနေဖြင့် ဤအခြေအနေမှ အမြန်ဆုံးလွတ်မြောက်ရန် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောကြားခဲ့သည်။

တာကာအိချိ၏ ပြောဆိုချက်သည် ဂျပန်နိုင်ငံက ရေရှည်ထိန်းသိမ်းလာသော တရားဝင်ရပ်တည်ချက်နှင့် မကိုက်ညီကြောင်း ဂျပန် ဝါရင့် စစ်ရေးသတင်းထောက်တစ်ဦးဖြစ်သော Fuse Yujin က မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ထောက်ပြပြောကြားခဲ့သည်။ ယင်းကဲ့သို့သော ပြေဆိုချက်များသည် ဒေသတွင်း တင်းမာမှုကို တစ်ဆင့်တိုး ဆိုးရွားစေလိမ့်မည်ဟု ၎င်းက ယူဆပြီး အစိုးရအနေဖြင့် အခြေအနေပြေလျှော့စေရန် အစီအမံများ အမြန်ဆုံးချမှတ်လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ဂျပန်နိုင်ငံ Waseda တက္ကသိုလ်၏ ဧည့်ပါမောက္ခ Takako Takano က ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး “ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်း” ကို “ဂျပန်နိုင်ငံ အရေးကိစ္စရှိခြင်း” ဟူ၍ တိုက်ရိုက်ရှုမြင်ခြင်းသည် ပင်ကိုယ်ကပင် မှားယွင်းသော ဆုံးဖြတ်မှုဖြစ်ကြောင်း သတင်းထောက်၏ မေးမြန်မှုကို ဖြေကြားရာတွင် ထောက်ပြပြောကြားခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ဂျပန်မီဒီယာများသည် သက်ဆိုင်ရာ မှားယွင်းသောအမြင်များကို မပြင်ဆင်ပေးရုံသာမက “တရုတ်ခြိမ်းခြောက်မှုသီအိုရီ” ကို စဉ်ဆက်မပြတ် ပုံကြီးချဲ့ဖော်ပြကာ စစ်တပ်ကို တိုးချဲ့ရန်နှင့် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန်အတွက် အကြောင်းပြချက်ရှာပေးခြင်းကြောင့် မူလကတည်းက တင်းမာနေသော ဒေသတွင်းအခြေအနေကို တစ်ဆင့်တိုး ရှုပ်ထွေးသွားစေခဲ့သည်ဟု ၎င်းက ရှုမြင်သည်။
ကျွမ်းကျင်ပုဂ္ဂိုလ်အများအပြားသည်လည်း အင်တာနက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ တာကာအိချိသည် ဝန်ကြီးချုပ်အနေဖြင့် ထိုင်ဝမ်အရေးကိစ္စ ကဲ့သို့သော အလွန်ထိလွယ်ရှလွယ်သည့် အရေးကိစ္စများတွင် ပိုမိုသတိထားသင့်ကြောင်း၊ တရုတ်နှင့်ဆက်ဆံရေးကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်ချက်မရှိဘဲ အမေရိကန်၏ တရုတ်အား တားဆီးထိန်းချုပ်မှုနောက် လိုက်နေသည်ဟု ယူဆခံရပါက ဂျပန်-တရုတ် ဆက်ဆံရေး ကောင်းမွန်တိုးတက်ရန် ခက်ခဲမည်ဖြစ်ကြောင်း ဂျပန်အထွေထွေသုတေသနအင်စတီကျု၏ နိုင်ငံတကာ မဟာဗျူဟာအင်စတီကျု အကြီးအကဲ ဟီတိုရှီ တာနာကာက မကြာသေးမီတွင် ရုပ်သံဗီဒီယို ထုတ်ပြန်၍ ပြောကြားခဲ့သည်။

တာကာအိချိ၏ ပြောဆိုချက်များသည် အကျိုးယုတ်မှုများပြီး ကောင်းကျိုးတစ်စက်မျှမရှိသလို ဂျပန်၏ အမျိုးသားအကျိုးစီးပွားနှင့်လည်း မကိုက်ညီကြောင်း၊ ဂျပန်၏ သံတမန်ရေးဦးတည်ချက်မှာ တည်ငြိမ်၍ ပုံမှန်ဖြစ်သော နှစ်နိုင်ငံဆက်ဆံရေး ထိန်းသိမ်းရန်ဖြစ်သင့်ပြီး ထိုင်ဝမ်အရေးကို အကြောင်းပြု၍ တင်းမာမှုများ လှုံဆော်ခြင်း၊ စစ်ရေးတိုးချဲ့မှုကို မြှင့်တင်ခြင်းတို့ မလုပ်ဆောင်သင့်ကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
综述|日本多方人士批评高市早苗涉台错误言论
新华社东京11月14日电 综述|日本多方人士批评高市早苗涉台错误言论   新华社记者李子越 梁晨
近日,日本首相高市早苗在国会发表的涉台错误言论在日本国内引发轩然大波。日本多方人士对其言论的法律依据、政策逻辑及可能带来的地区安全风险表示担忧,认为相关判断缺乏事实和法理支撑,将误导日本安全政策方向,进一步加剧日中关系紧张。
14日下午,日本政界人士及多个冲绳民间团体在东京举行集会,要求日本政府就近年来持续在冲绳推进军备的行为作出说明,并对高市的言论表达担忧。
日本社民党党首福岛瑞穗在集会上指出,高市将“台湾有事”视为“存亡危机事态”的判断在逻辑上难以成立,台湾并非国家,是中国的一部分,不应被纳入允许日本动用武力的情境。此种说法在法律层面明显存在问题。她警告说,轻率扩大武力行使范围极为危险,可能对日本未来安全政策造成深远影响。
日本冲绳县宜野湾市前市长、参议院议员伊波洋一表示,“台湾有事”的说法和高市的不当言论将使自卫队卷入其中,或将导致重大伤亡,而高市所谓的“存亡危机事态”是极其严重的表述。他批评称,日本近年来持续强化军备,其所谓的“安保三文件”只谈准备战争,不谈避免战争,整体方向落入美国设定的战略框架,日本必须尽快摆脱这一状态。
日本资深军事记者布施祐仁在接受记者采访时指出,高市的说法与日本长期坚持的官方立场并不一致。他认为,此类言论将进一步加剧地区紧张,希望政府尽快采取措施加以缓和。
此外,日本早稻田大学客座教授高野孟日前在接受记者采访时指出,台湾问题本属于中国内政,将“台湾有事”直接视作“日本有事”本身就是错误判断。在他看来,近年来日本媒体不仅未纠正相关错误观点,反而持续炒作“中国威胁论”,为扩军和增加防卫费寻找借口,使本就紧张的地区局势进一步复杂化。
不少专业人士也通过网络发声。日本综合研究所国际战略研究所理事长田中均近日发布视频说,高市作为首相,在台湾问题这样高度敏感的议题上应更加谨慎,一旦被视为无意维护对华关系,而是在追随美国遏制中国,日中关系将难以改善。他指出,高市言论有百害而无一利,不符合日本国家利益,日本外交的方向应是维持稳定、正常的双边关系,而不是借台湾问题刺激紧张并推动扩军。(完)
图说:10月21日,日本自民党总裁高市早苗(前排右二)在东京参加临时国会众议院首相指名选举,当选日本第104任首相。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.