Asia
တောင်ကိုရီးယားနိုင်ငံအစိုးရက အရှေ့မြောက်အာရှနိုင်ငံသုံးနိုင်ငံ၏ အစဉ်လိုက်ဖော်ပြမှုအား “တောင်ကိုရီးယား-တရုတ်-ဂျပန်” အဖြစ် တစ်ပြေးညီအသုံးပြု
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ လီဂျေမြောင်အစိုးရအနေဖြင့် အရှေ့မြောက်အာရှနိုင်ငံသုံးနိုင်ငံ၏ တရားဝင် အစဉ်လိုက်ဖော်ပြမှုအား “တောင်ကိုရီးယား-တရုတ်-ဂျပန်” ဟူသည့် အသုံးပြုမှုများသော ဖော်ပြချက်ဖြင့် တစ်ပြေးညီအသုံးပြုရန် ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယား သမ္မတရုံး သက်ဆိုင်ရာပုဂ္ဂိုလ်က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာန၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။ယွန်းဆက်ယိုအစိုးရကာလတွင် အရှေ့မြောက်အာရှနိုင်ငံ သုံးနိုင်ငံ၏ တရားဝင်ဖော်ပြချက်အား တစ်ပြေးညီ သတ်မှတ်ထားခြင်းမရှိဘဲ “တောင်ကိုရီးယား-တရုတ်-ဂျပန်” နှင့် “တောင်ကိုရီးယား-ဂျပန်-တရုတ်” အဖြစ် ရောနှောအသုံးပြုခဲ့ဖူးကြောင်း၊ ဖော်ပြချက်နှစ်မျိုးအား တစ်ပြိုင်နက်တည်းအသုံးပြုခြင်းသည် “နိုင်ငံတစ်နိုင်ငံနှင့် ဆက်ဆံရေးပိုမိုရင်းနှီးသည်” ဟူသော မလိုလားအပ်သည့် အငြင်းပွားမှုများ ဖြစ်စေကြောင်း တောင်ကိုရီးယား သမ္မတရုံး ပုဂ္ဂိုလ်က ဆိုသည်ဟု သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယိုသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် “တောင်ကိုရီးယား-ဂျပန်-တရုတ်” ဟူ၍ စတင်ပြောင်းလဲအသုံးပြုခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အစိုးရ သက်ဆိုင်ရာပုဂ္ဂိုလ်က ဆိုသည်။
တောင်ကိုရီးယားအစိုးရသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာရန် ဖော်ဆောင်သည့် နောက်ခံအခြေအနေတွင် အရှေ့မြောက်အာရှနိုင်ငံ သုံးနိုင်ငံ၏ တရားဝင် အစဉ်လိုက်ဖော်ပြမှုကို “တောင်ကိုရီးယား-တရုတ်-ဂျပန်” အဖြစ် တစ်ပြေးညီအသုံးပြုခြင်းသည် လက်ရှိသမ္မတ လီဂျေမြောင်က လက်တွေ့ကျသော သံတမန်ဆက်ဆံရေး အခြေခံစည်းမျဉ်းအောက်တွင် လုပ်ဆောင်သော “တရုတ်နိုင်ငံအပေါ် ပျော့ပျောင်းသော၊ ဂျပန်နိုင်ငံအပေါ် တင်းမာသော” အစီအမံအဖြစ် ရှုမြင်နိုင်သည်ဟု ထင်မြင်ယူဆချက်များရှိသည်ဟု Yonhap သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ယခင်အစိုးရက အယူအဆဖြင့် သံတမန်ဆက်ဆံရေး လုပ်ဆောင်ပြီး ဂျပန်နိုင်ငံအပေါ် အလွန်အမင်း အလေးသာလွန်းကြောင်း၊ ၎င်းအား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ခြင်းသည်သာ မှန်ကန်သောဦးတည်ချက်ဖြစ်ကြောင်း Yonhap သတင်းဌာနက သမ္မတရုံးမှ အခြားအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။ (Xinhua)
—————————————-
(Chinese Version)
韩国政府将东北亚三国表述顺序统一为“韩中日”
新华社首尔11月16日电(记者张粲 孙一然)韩联社16日报道,韩国总统府相关人士当天表示,李在明政府决定将东北亚三国官方表述顺序统一为“韩中日”这一最常用的表述。
报道说,尹锡悦政府时期,东北亚三国的官方表述未作统一,曾混合使用“韩中日”和“韩日中”。韩国总统府人士说,两种表述同时使用引发了“与某国关系更近”的不必要争议。
韩国政府相关人士说,前总统尹锡悦自出席2023年9月举行的东盟峰会之后,开始改称为“韩日中”。
据韩联社报道,有观点认为,在韩国政府寻求改善对华关系的背景下,将东北亚三国官方表述顺序统一为“韩中日”,可被视为现任总统李在明务实外交基调下采取的“对华温和、对日强硬”措施。
韩联社援引另一名总统府官员的话报道,前政府搞理念外交,过度侧重日本,将其拨回正轨才是正确方向。(完)
图说:10月5日,游客在韩国首尔的景福宫参观游览。新华社发(全休相摄)
