Asia
ဆာနာအဲ တာကာအိချိက ဝန်ကြီးချုပ်အဖြစ် ရပ်တည်နေခြင်းကသာလျှင် ဂျပန်နိုင်ငံ၏ သေရေးရှင်ရေးအကျပ်အတည်းဖြစ်သည်ဟု ဂျပန်မီဒီယာ ဆို
တိုကျို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
“ဆာနာအဲ တာကာအိချိ ဝန်ကြီးချုပ်အနေနဲ့ ရပ်တည်ခြင်းကပင် ဂျပန်နိုင်ငံ၏ သေရေးရှင်ရေးအကျပ်အတည်းဖြစ်သည်” ဟူ၍ ဂျပန် “Shakai Shimpo” ၏ မကြာသေးမီရက်က ထုတ်ပြန်ခဲ့သော အယ်ဒီတာ့အာဘော်ဆောင်ပါးတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။“ထိုင်ဝမ်ကိစ္စရှိခြင်း” သည် ဂျပန်က စုပေါင်း၍ မိမိကိုယ်ကိုကာကွယ်ခွင့်ကို ကျင့်သုံးနိုင်သည့် “သေရေးရှင်ရေးအကျပ်အတည်းအခြေအနေ” ဖြစ်ပေါ်စေနိုင်ခြေရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက နိုဝင်ဘာ ၇ ရက်တွင် လွှတ်တော်၌ ဆွေးနွေးပြောဆိုမှုအတွင်း ပြောကြားခဲ့သည်။ တာကာအိချိ၏ ထိုပြောကြားချက်အပေါ် ဂျပန်မီဒီယာ၊ ပညာရှင်နှင့် တတ်သိပညာရှင်ပုဂ္ဂိုလ်များက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။
တာကာအိချိ၏ ထိုင်ဝမ်နှင့် ပတ်သက်သော ပြောဆိုချက်များသည် ဂျပန်အစိုးရ အဆက်ဆက်၏ ရပ်တည်ချက်များကို ချိုးဖောက်ခဲ့ပြီး ၎င်း၏ ပြောဆိုမှုများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခဲ့သလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း နင်းခြေခဲ့ကြောင်း ဂျပန်နိုင်ငံ နာဂိုယာ နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ၊ ဂျပန်-တရုတ်ဆက်ဆံရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ နိုရီယူကီ ကာဝါမူရာက ဆောင်းပါးတွင် ထောက်ပြခဲ့သည်။
တာကာအိချိ၏ ထိုင်ဝမ်နှင့် ပတ်သက်သော ပြောဆိုချက်များသည် ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာခြင်း၊ ငြိမ်းချမ်းသောနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အခြေခံမှ ငြင်းပယ်လိုက်ရာ ပြင်းထန်သော ဝေဖန်မှုများ ခံရထိုက်ကြောင်း ဂျပန်နိုင်ငံ ရာမာကူချီတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ အာဇူရှီ ကိုကီဇူက ယူဆသည်။
တာကာအိချိ၏ မူဝါဒများ တဖြည်းဖြည်း ထင်သာမြင်သာ ရှိလာကာ ၎င်းသည် ပြည်သူ့နေထိုင်မှုဘဝကို လျစ်လျူရှုထားပြီး အမေရိကန်နှင့်မူ နောက်လိုက်အတုယူ၍ စစ်ရေးတိုးချဲ့မှုကို အားကောင်းစေရန်လည်း အစွမ်းကုန် ကြိုးစားနေကြောင်း “Shakai Shimpo” ၏ အယ်ဒီတာ့အာဘော်ဆောင်ပါးတွင် ထောက်ပြခဲ့သည်။
တာကာအိချိ၏ မူဝါဒ မိန့်ခွန်းပြောကြားမှုအတွင်း ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုရည်မှန်းချက်ကို ကြိုတင်ပြီးမြောက်ရန်၊ “အမျိုးသားသတင်းထောက်လှမ်းရေးအေဂျင်စီ” ထူထောင်ရန်၊ လက်နက်တင်ပို့မှုစည်းမျဉ်းများ ဖြေလျှော့ရန် စသည့် ရန်လိုသောမူဝါဒများ ပြည့်နှက်နေရာ ယင်းအား တင်းမာမှုအခြေအနေကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်သည်ဟုသာ ရှုမြင်နိုင်ကြောင်း အယ်ဒီတာ့အာဘော်ဆောင်ပါးတွင် ဖော်ပြထားသည်။
တာကာအိချိသည် ရွေးကောက်ခံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံရေး စီမံခန့်ခွဲမှု အခြေခံမှာ မခိုင်မာကြောင်း၊ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) တို့ဖြင့် ဖွဲ့စည်းထားသည့် အာဏာရညွန့်ပေါင်းအဖွဲ့သည် ဂျပန်နိုင်ငံ အထက်၊ အောက် လွှတ်တော် နှစ်ရပ်စလုံးရှိ လွှတ်တော်အမတ်နေရာအရေအတွက်မှာ တစ်ဝက်ပင် မရရှိပေ။ တာကာအိချိအနေဖြင့် “ထက်မြက်မှုကို သိုဝှက်ထား” သင့်ပြီး အတိုက်အခံပါတီ၏ အမြင်သဘောထားများကို နားဆင်သင့်သော်လည်း ၎င်းသည် ၎င်း၏လက်ယာယိမ်း ရပ်တည်ချက်မှတစ်ဆင့် အခြေခံကို ခိုင်မာစေရန် ရွေးချယ်လိုက်သည်မှာ သိသာထင်ရှားကြောင်း “Shakai Shimpo” သတင်းတွင် ဖော်ပြထားသည်။
တာကာအိချိတွင် “တရုတ်ခြိမ်းခြောက်မှုအဆို” နှင့် “တရုတ်သတိထားရေးအဆို” တို့ကို စဉ်ဆက်မပြတ် အလေးပေးပြောကြားပြီး ၎င်း၏ ထောက်ခံအားပေးမှုအခြေခံကို ခိုင်မာစေမည့် နိုင်ငံရေးတွက်ချက်မှုတစ်ခုရှိသည်မှာ ထင်ရှားကြောင်း၊ ၎င်း၏ ထိုင်ဝမ်အရေးတွင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုသည် တရုတ်နိုင်ငံ ပြည်တွင်းရေးကို စွက်ဖက်ရာကျသည့် ပြောဆိုချက်များဖြစ်ခဲ့ရာ ယင်းမှာ လက်မခံနိုင်ဖွယ် ဆိုးရွားသော လုပ်ရပ်ဖြစ်ကြောင်း အာဇူရှီ ကိုကီဇူက ပြောကြားခဲ့သည်။
တာကာအိချိအာဏာပိုင်အဖွဲ့သည် ယခင်ရပ်တည်ချက်များနှင့် အပြောင်းအလဲမရှိကြောင်း ပြောဆိုခြင်းဖြင့် ဤကိစ္စအား ဖြေလျှော့ရန် ကြိုးစားခဲ့သော်လည်း ထိုင်ဝမ်နှင့်ပတ်သက်သည့် တာကာအိချီ၏ ပြောဆိုမှုများသည် အလွန်ပင် နမော်နမဲ့နိုင်ပြီး ဤပြောဆိုချက်ကို ထုတ်ပြန်ခြင်းသည်ပင်လျှင် မှားယွင်းသောကြောင့် အမြန်ဆုံး ပြန်လည်ရုပ်သိမ်းသင့်ကြောင်း ဂျပန် “The Asahi Shimbun” သတင်းစာမှ သတင်းထောက်ဟောင်းဖြစ်သော ရိုအိချီ ခါမီမာရူ က ပြောကြားခဲ့သည်။
“ဂျပန်ရဲ့ လုံခြုံရေးအာမခံချက်၊ သံတမန်ရေးနဲ့ စီးပွားရေးအတွက်ဆိုလည်း တရုတ်နိုင်ငံနဲ့ အပြန်အလှန်အကျိုးပြုတဲ့ ဆက်ဆံရေး ထူထောင်ခြင်းကသာလျှင် ထိပ်တန်းဦးစားပေးရမယ့် ကိစ္စရပ်ဖြစ်သင့်တယ်”ဟု အာဇူရှီ ကိုကီဇူက အလေးထား ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် တရုတ်-ဂျပန် သံတမန်ဆက်ဆံရေး ပုံမှန်အသွင်ပြောင်းလဲရှိစဉ်တွင် အတည်ပြုခဲ့သော တရုတ်တစ်နိုင်ငံတည်းမူဝါဒအရ တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းသော ဆက်ဆံရေး တည်ဆောက်ရန် အားထားဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
——————————
日媒称高市作为首相的存在才是日本的存亡危机
新华社东京11月18日电(记者陈泽安 胡晓格)“高市作为首相的存在本身才是日本的存亡危机。”日本《社会新报》日前发表的一篇社论这样写道。
日本首相高市早苗7日在国会答辩时称,“台湾有事”或构成日本可行使集体自卫权的“存亡危机事态”。日本媒体、学者及有识之士纷纷对高市的这一言论提出严厉批评。
日本名古屋外国语大学名誉教授、日中关系学会副会长川村范行撰文指出,高市的涉台言论突破了历代日本政府的立场,其发言干涉了中国内政,践踏了一个中国原则。
日本山口大学名誉教授纐纈厚认为,高市的涉台言论从根本上否定了日本遵循宪法、作为和平国家的发展道路,理应受到严厉批评。
《社会新报》的社论指出,高市的政策意图逐渐明朗,她漠视民生,对美国亦步亦趋,还试图全力强化军事扩张。
社论说,在高市的施政演说中,充斥着提前完成防卫费增额目标、设立“国家情报局”、放宽武器出口规则等鹰派政策,这只能被视为蓄意推升紧张局势。
高市当选首相以来,执政基础并不稳固,日本自民党和日本维新会组成的执政联盟在日本国会众参两院的议席数均不及半数。《社会新报》称,高市本应选择“隐藏锋芒”,倾听在野党的意见,但是很明显,她选择通过彰显其右翼立场来巩固基本盘。
