Asia
ဂျပန်အနေဖြင့် သမိုင်းအား စိတ်ရင်းစေတနာအမှန်ဖြင့် ပြန်လည်ဆင်ခြင်သုံးသပ်ကာ တာဝန်ယူမှုရှိသော သဘောထားဖော်ပြသင့်ကြောင်း တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
ဆိုးလ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
လတ်တလောကာလအတွင်း တောင်ကိုရီးယား-ဂျပန်သမိုင်း၊ နယ်မြေပိုင်နက် စသည့် အရေးကိစ္စများတွင် ဂျပန်နိုင်ငံ၏ ပြောဆိုချက်များကို စိုးရိမ်ပူပန်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် စိတ်ရင်းစေတနာအမှန်ဖြင့် ပြန်လည်ဆင်ခြင်သုံးသပ်ကာ တာဝန်ယူမှုရှိသော သဘောထားဖော်ပြရန် တောင်းဆိုကြောင်း တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Woo Won-shik က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ဂျပန်နိုင်ငံက လတ်တလောရက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို အရှိန်မြှင့်တွန်းအားပေး ဖော်ဆောင်၍ ဂျပန်အား “စစ်ပွဲကို စတင်နိုင်သည့်နိုင်ငံ” အဖြစ် ပြောင်းလဲလိုက်ရာ ယင်းသည်လူကို ပူပန်စေကြောင်း၊ ၎င်းမှာ အရှေ့အာရှငြိမ်းချမ်းရေးစည်းစနစ် အခြေခံအုတ်မြစ်အား ကိုင်လှုပ်သည့် လုပ်ရပ်ဖြစ်ပြီး တောင်ကိုရီးယားဖြစ်စေ အခြားအိမ်နီးချင်းနိုင်ငံများဖြစ်စေ လုံးဝသည်းခံမည်မဟုတ်ကြောင်း၊ သမိုင်းပြဿနာအား စိတ်ရင်းစေတနာအမှန်ဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုမရှိပါက ပူးပေါင်းဆောင်ရွက်မှုအားလုံးသည် “လေထဲတိုက်အိမ်ဆောက်မှု” သာ ဖြစ်နေမည်ဖြစ်ကြောင်း Woo Won-shik က လူမှုမီဒီယာတွင် ပို့စ်တင်၍ ရေးသားဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက လတ်တလောကာလအတွင်း Dokdo ကျွန်း (ဂျပန်အခေါ် Takeshima ကျွန်း) သည် သမိုင်းအရ၊ နိုင်ငံတကာဥပဒေအရ ဂျပန်ပိုင်နက်နယ်မြေများဖြစ်သည်ဟု ထုတ်ပြန်ကြေညာပြီးနောက် ဂျပန်နိုင်ငံအစိုးရသည် မကြာသေးမီကပင် Takeshima ကျွန်း စသည်တို့၏ အချုပ်အခြာအာဏာကို ကြွေးကြော်ထားသော “နယ်မြေပိုင်နက် အချုပ်အခြာအာဏာပြခန်း” တိုးချဲ့နေရာအား ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း၊ “ဒါက ကျောင်းသား၊ ကျောင်းသူ စတဲ့ မျိုးဆက်သစ်တွေကို မှားယွင်းတဲ့ အသိအမြင်ထည့်သွင်းပေးဖို့ ကြိုးစားနေတာပါ။ ဒီ့အပေါ် ကျွန်တော့်အနေနဲ့ များစွာဝမ်းနည်းမိကြောင်း ပြောကြားလိုပြီး ဂျပန်ဘက်က အဲဒီပြခန်းကို ချက်ချင်းပိတ်သိမ်းရန် တိုက်တွန်းချင်ပါတယ်” ဟု လည်း Woo Won-shik က ပြောကြားခဲ့သည်။
Dokdo ကျွန်းသည် ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းပင်လယ်ပြင်၌ တည်ရှိပြီး ဧရိယာမှာ ၀.၁၈ စတုရန်းကီလိုမီတာ ဖြစ်သည်။ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဂျပန်တို့က အဆိုပါကျွန်း၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရှိသည်ဟု ဆိုကြသည်။ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံက အဆိုပါကျွန်းအား လက်တွေ့ထိန်းချုပ်ထားခြင်းဖြစ်သည်။ (Xinhua)
—————————————–
(Chinese Version)
韩国国会议长:日本应真诚反省历史并展现负责任态度
新华社首尔11月17日电(记者黄昕欣 陆睿)韩国国会议长禹元植16日对日方近期在韩日历史、领土等问题上的言行表示担忧,要求日本展现真诚反省和负责任态度。
禹元植在社交媒体上发文说,日方近期加速推进修宪将把日本转变成“能够发动战争的国家”,这令人担忧。这是动摇东亚和平秩序根基的行为,无论韩国还是其他周边国家都绝对无法容忍。绝不能忘记,如果没有真诚解决历史问题的努力,一切合作都只会是“空中楼阁”。
禹元植还说,继日本首相高市早苗近期公开发言宣称独岛(日本称“竹岛”)在历史上、国际法上都是日本领土之后,日本政府日前又追加开放了主张独岛等主权的“领土主权展览馆”扩建空间,“这企图向学生等下一代人植入错误认知,我对此表示强烈遗憾,并敦促日方立即将其关闭”。
独岛位于朝鲜半岛东部海域,面积约0.18平方公里。韩国、朝鲜、日本都宣称对该岛拥有主权。目前,韩国实际控制这一岛屿。(完)
图说:3月1日,韩国民众在首尔参加“三一运动”纪念活动。新华社发(全休相摄)
