Asia
“ငြိမ်းချမ်းရေးလမ်းဆုံ” စီမံကိန်းနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်က ကိုက်ညီမှုရှိဟု အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် ဆို
ရီရယ်ဗန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
အာမေးနီးယားနိုင်ငံက အဆိုပြု၍ တွန်းအားပေးဖော်ဆောင်လျက်ရှိသည့် “ငြိမ်းချမ်းရေးလမ်းဆုံ (Peace Crossroads)” စီမံကိန်းနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်သည် ကိုက်ညီမှုရှိသည်ဟု အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan က နိုဝင်ဘာ ၄ ရက်တွင် အာမေးနီးယားနိုင်ငံ ရီရယ်ဗန်မြို့၌ ပြောကြားခဲ့သည်။Nikol Pashinyan က နိုဝင်ဘာ ၄ ရက်တွင် ရီရယ်ဗန်မြို့၌ ကျင်းပသည့် “Orbeli ၂၀၂၅ – ငြိမ်းချမ်းရေးဖန်တီးမှုနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု” ဖိုရမ်ကာလအတွင်း ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုအား ဖြေကြားရာ၌ “ငြိမ်းချမ်းရေးလမ်းဆုံ” စီမံကိန်းနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်သည် မတူညီသောနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ဆက်သွယ်ပေးရန် အထောက်အကူပြုပြီး ဘက်အသီးသီးက ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား အတူတကွဆွေးနွေးမှုကို မြှင့်တင်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် အာမေးနီးယားနိုင်ငံသည် ဟန်ချက်ညီသော နိုင်ငံခြားရေးမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး ပဋိပက္ခမဟုတ်ဘဲ အပြန်အလှန်ဖြည့်ဆည်းမှုကို ရှာဖွေလျက်ရှိကြောင်း၊ “အာမေးနီးယားနိုင်ငံကို ငြိမ်းချမ်းရေးရဲ့ လမ်းဆုံအဖြစ် တည်ဆောက်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီက Nikol Pashinyan သည် တရုတ်နိုင်ငံသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးနှင့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား တက်ရောက်ခဲ့သည်။ ထိုကာလအတွင်း နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း ကြေညာခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ Nikol Pashinyan က အာမေးနီးယားနိုင်ငံနှင့် တရုတ်နိုင်ငံက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းမှာ နှစ်ဖက်ဆက်ဆံရေးသည် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်သွားမှုကို အမှတ်သင်္ကေတပြနေသည်ဟု ပြောကြားခဲ့သည်။
“Orbeli ၂၀၂၅ – ငြိမ်းချမ်းရေးဖန်တီးမှုနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု” ဖိုရမ်ကို အာမေးနီးယားနိုင်ငံ Think Tank အဖွဲ့ Orbeli စင်တာမှ ကျင်းပခြင်းဖြစ်သည်။ ဖိုရမ်တွင် ကောကပ်ဆက်စ် တောင်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ဒေသတွင်းနိုင်ငံများ အပြန်အလှန်ချိတ်ဆက်မှု စသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ နိုင်ငံပေါင်း ၁၀ ခုကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာမှ အစိုးရအရာရှိနှင့် ကျွမ်းကျင်ပညာရှင် တတ်သိပညာရှင်များ တက်ရောက်ခဲ့သည်။ ဖိုရမ်ကို နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည်။ (Xinhua)
#Armenia #China #PeaceCrossroads #BRI #အာမေးနီးယား #တရုတ် #ငြိမ်းချမ်းရေးလမ်းဆုံလမ်းခွ #ရပ်ဝန်းနှင့်ပိုးလမ်းမ
———————————-
(Chinese Version)
亚美尼亚总理:“和平十字路口”计划与“一带一路”倡议契合
新华社埃里温11月4日电(记者黄河 周良)亚美尼亚总理帕什尼扬4日在埃里温表示,亚美尼亚提出并正在推进的“和平十字路口”计划与“一带一路”倡议契合。
帕什尼扬4日在埃里温举行的“奥尔别利2025—缔造和平与多边合作”论坛期间回答新华社记者提问时说,“和平十字路口”计划和“一带一路”倡议有助于将不同国家的发展项目联系起来,促进各方共同探讨发展计划对接与合作。
他表示,近年来,亚美尼亚坚持平衡外交政策,寻求互补而非冲突,“我们有信心将亚美尼亚建设成为和平的十字路口”。
不久前,帕什尼扬赴华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动。其间,两国领导人宣布,中国和亚美尼亚建立战略伙伴关系。帕什尼扬对此表示,亚美尼亚与中国建立战略伙伴关系标志着双边关系迈上了一个新的台阶。
“奥尔别利2025—缔造和平与多边合作”论坛由亚美尼亚智库奥尔别利中心举办,论坛主要围绕南高加索地区和平与安全、地区各国互联互通等问题展开讨论,来自10多个国家以及多个国际组织的官员和专家学者与会。论坛从4日持续到6日。(完)
图说1:11月4日,在亚美尼亚埃里温,亚美尼亚总理帕什尼扬在“奥尔别利2025—缔造和平与多边合作”论坛开幕式上致辞。新华社/亚美尼亚通讯社
