Asia
မလေးရှားနှင့် ထိုင်းနိုင်ငံအကြား ပင်လယ်ပြင်၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါသော သင်္ဘောတစ်စင်း တိမ်းမှောက်မှုကြောင့် လူ ၁ ဦး သေဆုံးကြောင်း အတည်ပြု
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ တစ်ရာနီးပါး တင်ဆောင်လာသည်ဟု ယူဆရသော သင်္ဘောတစ်စင်းသည် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ပင်လယ်ပြင်၌ တိမ်းမှောက်သွားခဲ့ကြောင်း၊ လက်ရှိအချိန်ထိ သေဆုံးသူ ၁ ဦးရှိကာ အခြား ၁၀ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံ ရေကြောင်းတရားဥပဒေစိုးမိုးရေး အေဂျင်စီက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ခန့်သည် အခြားနိုင်ငံမှ သင်္ဘောဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံ ပင်လယ်ပြင်နှင့် နီးကပ်လာပြီးနောက် မလေးရှားနိုင်ငံ နယ်စပ် တရားဥပဒေစိုးမိုးရေးဌာန၏ တားဆီးမှုကို ရှောင်ရှားနိုင်ရန် အထက်ပါလူများကို သုံးသုတ်ခွဲ၍ သင်္ဘောငယ်သို့ပြောင်းခဲ့သည်ဟု Bernama သတင်းဌာနက နိုဝင်ဘာ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံ ခီဒက်ပြည်နယ် အနီးတစ်ဝိုက် ပင်လယ်ပြင်တွင် ကယ်ဆယ်ရေးဝန်ထမ်းများက သင်္ဘောတိမ်းမှောက်မှုအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Malaysian Maritime Enforcement Agency/Handout via Xinhua)
လက်ရှိတွင် ဒေသန္တရ ပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေးအေဂျင်စီနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လှုပ်ရှားမှုများ အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ဆိုသည်။
မလေးရှားနိုင်ငံ ခီဒက်ပြည်နယ်နှင့် ပါးလစ်စ်ပြည်နယ် ပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေး အေဂျင်စီ အရာရှိ Romli Mustafa က လတ်တလောကာလအတွင်း နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းများ ပိုမိုလှုပ်ရှားလာကြောင်း၊ ၎င်းတို့သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို လူကုန်ကူးသည့် ပစ်မှတ်များအဖြစ် အသုံးပြုကာ အန္တရာယ်များသော ပင်လယ်ရေကြောင်းလမ်းမှ တရားမဝင် ရွှေ့ပြောင်းသွားလာရန် ရွေးချယ်ကြကြောင်း ပြောကြားခဲ့သည်။ (Xinhua)
#Malaysia #Thailand #BoatCapsizeOff #မလေးရှား #ထိုင်း #သင်္ဘောတိမ်းမှောက်မှု
————————————————————————————–
(Chinese Version)
一偷渡船在马泰之间海域沉没 已确认1人遇难
新华社吉隆坡11月9日电(记者王嘉伟 毛鹏飞)马来西亚海事执法部门9日说,一艘疑似载有近百人的偷渡船在马来西亚与泰国之间海域沉没。截至目前,已有1人遇难,另有10人获救。
据马新社9日报道,警方初步调查显示,约300名非法偷渡者在他国登船前往马来西亚,在靠近马海域后分三批换乘小船,以规避马边境执法部门的拦截。
当地警方表示,目前正联合地方海事执法部门持续开展搜救行动。
马来西亚吉打州与玻璃市州海事执法部门官员罗姆里·穆斯塔法表示,近期跨境犯罪集团愈发活跃,他们利用移民作为人口贩运的对象,选择高风险的海上航线进行偷渡。(完)
图说1:11月9日,在马来西亚吉打州附近海域,一名幸存者在甲板休息。新华社发(马来西亚海事执法局供图)
图说2:11月9日,在马来西亚吉打州附近海域,搜救人员开展搜救工作。新华社发(马来西亚海事执法局供图)
