Asia
ဆာနာအဲ တာကာအိချိ ပါဝင်သည့် LDP ပါတီဌာနခွဲ ငွေကြေးစီးဆင်းမှုများ ရှုပ်ထွေးမှုရှိကြောင်း ဖော်ထုတ်ခံရ
တိုကျို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိက ကိုယ်စားပြုသည့် LDP ပါတီ ဌာနခွဲသည် လတ်တလောရက်ပိုင်းတွင် စည်းကမ်းချိုးဖောက်၍ လှူဒါန်းငွေများလက်ခံခဲ့သည်ဟု ဖော်ထုတ်ခံခဲ့ရသည်။ ဆာနာအဲ တာကာအိချိနှင့် ပတ်သက်သည့် အဖွဲ့အစည်းများတွင် ရှုပ်ထွေးလှသော ငွေကြေးစီးဆင်းမှု ပြဿနာများရှိသည်ဟု ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဂျပန်မီဒီယာများက ပိုမို၍သတင်းဖော်ပြခဲ့သည်။နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် အရအသုံးအစီရင်ခံစာအရ Kamunagara ဟု အမည်ရသည့် ဘာသာရေးအဖွဲ့ တစ်ဖွဲ့သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွက် ဆာနာအဲ တာကာအိချိ ကိုယ်စားပြုသည့် “LDP ပါတီ နာရခရိုင် အမှတ် ၂ မဲဆန္ဒနယ် ဌာနခွဲ” ထံသို့ ဂျပန်ယန်း သိန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၁၉၃,၀၀၀ ခန့်) လှူဒါန်းခဲ့သည်ဟု ဂျပန် Shukan Shincho မဂ္ဂဇင်းက ဒီဇင်ဘာ ၁၁ ရက်၌ ထုတ်ပြန်သည့် ဆောင်းပါးတွင် ဖော်ပြထားသည်။
Kamunagara အဖွဲ့၏ ကိုယ်စားပြု ဒါရိုက်တာ Noriko Kawai က တစ်ကိုယ်ရေအမည်နာမဖြင့် “LDP ပါတီ နာရခရိုင် အမှတ် ၂ မဲဆန္ဒနယ် ဌာနခွဲ” ထံသို့ ဂျပန်ယန်း သိန်း ၁၀၀ လှူဒါန်းငွေ ပေးအပ်ခဲ့ရာ Kamunagara အဖွဲ့က လှူဒါန်းသည့် ဂျပန်ယန်း သိန်း ၃၀၀ ပါဝင်ပါက လှူဒါန်းငွေ စုစုပေါင်း သိန်း ၄၀၀ ရှိကြောင်း၊ ယင်းသည် အဆိုပါဌာနခွဲ တစ်နှစ်ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းနှင့်အထက်နှင့်ညီမျှရာ အသေးအမွှားပမာဏ မဟုတ်ကြောင်း ဆောင်းပါးက ဆိုထားသည်။
သက်ဆိုင်ရာသတ်မှတ်ချက်များအရ ဘာသာရေးအဖွဲ့အနေဖြင့် နိုင်ငံရေးပါတီထံ ဂျပန်ယန်း သိန်း ၃၀၀ လှူဒါန်းမည်ဆိုပါက ၎င်းရှေ့တစ်နှစ်စာ အသုံးစရိတ်သည် ဂျပန်ယန်း သိန်း ၆၀၀ နှင့်အထက် ရှိရမည်ဖြစ်ကြောင်း၊ သို့သော် တစ်နှစ်အသုံးစရိတ် ဂျပန်ယန်း သိန်း ၆၀၀ ရှိသည့် ဘာသာရေးအဖွဲ့မှာ ရှားပါးကြောင်း၊ Kamunagara ကဲ့သို့ အမည်မကျော်၊ အခြေအနေမသဲကွဲသည့် ဘာသာရေးအဖွဲ့ တစ်ဖွဲ့က ထိုမျှများပြားသည့်ပမာဏကို လှူဒါန်းနိုင်ခြင်းမှာ အလွန်ပဟေဠိဆန်ကြောင်း ဆောင်းပါးက ထောက်ပြထားသည်။
ထို့ပြင် ဂျပန် Shukan Bunshun မဂ္ဂဇင်း ဝက်ဘ်ဆိုက်က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သော ဆောင်းပါးအရ ဆာနာအဲ တာကာအိချိ၏ ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့အစည်းဖြစ်သော ခေတ်သစ်မူဝါဒသုတေသနအဖွဲ့ (New Era Policy Research Group) သည် ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်တွင် ဂျပန် Tenri Jihosha ကုမ္ပဏီထံသို့ “အချက်အလက်ထည့်သွင်းမှု လုပ်ငန်းစရိတ်” ခေါင်းစဉ်ဖြင့် ဂျပန်ယန်း ၁၈၁.၂ သိန်းခန့် ငွေလွှဲခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် “စာအိတ်နှင့် အကျဉ်းချုပ်စာရွက်စာတမ်းများ ပုံနှိပ်ခြင်းနှင့် ချုပ်လုပ်ခြင်း ကုန်ကျစရိတ်” ဟူသော ခေါင်းစဉ်ဖြင့် ဂျပန်ယန်း ၁၉၉.၇ သိန်းအား ထပ်မံငွေလွှဲခဲ့ကြောင်း အရအသုံးအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု သိရသည်။
ခေတ်သစ်မူဝါဒသုတေသနအဖွဲ့နှင့် LDP ပါတီ နာရခရိုင် အမှတ် ၂ မဲဆန္ဒနယ် ဌာနခွဲ အဖွဲ့အစည်းနှစ်ခုသည် ယမန်နှစ်တွင် Tenri Jihosha ကုမ္ပဏီထံသို့ ငွေပေးချေမှု ၁၀ ကြိမ်ကျော် လုပ်ဆောင်ခဲ့သည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။
ဆောင်းပါးက နိုင်ငံရေးရန်ပုံငွေ ပြဿနာအကြောင်း ရင်းနှီးသည့် ဂျပန်နိုင်ငံ ကိုဘဲကာကူအင်တက္ကသိုလ် ပါမောက္ခ ဟီရိုရှိ ကာမိဝါကီ ၏ ပြောကြားချက်ကို ကိုးကား၍ Tenri Jihosha ကုမ္ပဏီသည် ဘာသာရေးအဖွဲ့ Tenrikyo နှင့် ပတ်သက်သည့် လုပ်ငန်းကုမ္ပဏီဖြစ်ကြောင်း၊ ဆာနာအဲ တာကာအိချိသည် အဆိုပါကုမ္ပဏီကို အချက်အလက်ထည့်သွင်းပေးရန် ခိုင်းစေခဲ့ဖူးခြင်းမှာ ၎င်းသည် Tenri Jihosha ကုမ္ပဏီထံသို့ ပါတီအဖွဲ့ဝင် အမည်စာရင်း စသည့် တစ်ကိုယ်ရေအချက်အလက်များ ပံ့ပိုးပေးခဲ့ဖူးပြီး နှစ်ဖက်သည် နီးကပ်သောဆက်ဆံရေးရှိသည်ကို ဖော်ပြနေကြောင်း သတင်းဖော်ပြထားသည်။
ဆာနာအဲ တာကာအိချိ ကိုယ်စားပြုသည့် “LDP ပါတီ နာရခရိုင် အမှတ် ၂ မဲဆန္ဒနယ် ဌာနခွဲ” သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် တိုကျိုမြို့ ကုမ္ပဏီတစ်ခုထံမှ လှူဒါန်းငွေ ဂျပန်ယန်း သိန်း ၁၀၀ အား လက်ခံခဲ့သည်ဟု ဟီရိုရှိ ကာမိဝါကီ က ဒီဇင်ဘာ ၄ ရက်တွင် အစိုးရရှေ့နေရုံးထံသို့ တရားစွဲဆိုခဲ့သည်။ သို့သော် ဂျပန်နိုင်ငံ၏ “နိုင်ငံရေးရန်ပုံငွေ စည်းမျဉ်းဥပဒေ” အရ အဆိုပါကုမ္ပဏီက မှတ်ပုံတင်ထားသော ရင်းနှီးငွေပမာဏနှင့်အညီ တစ်နှစ်ပတ်လုံးအတွင်း အများဆုံးလှူဒါန်းနိုင်သည့် ပမာဏမှာ ဂျပန်ယန်း ၇၅ သိန်းဖြစ်သည်။ (Xinhua)
————————————-
(Chinese Version)
高市早苗所属自民党支部被曝资金流动混乱
新华社东京12月11日电(记者陈泽安 李林欣)日本首相、自民党总裁高市早苗担任代表的自民党支部近日被曝违规收受献金。10日和11日,与高市有关的组织被日本媒体曝出更多资金流动混乱的问题。
日本《周刊新潮》杂志11日刊发文章说,11月28日公布的收支报告显示,一家名为“神奈我良”的宗教团体于去年12月13日向高市担任代表的“自民党奈良县第2选举区支部”捐赠了3000万日元(约合19.3万美元)。
文章说,“神奈我良”的代表董事川井德子以个人名义向“自民党奈良县第2选举区支部”捐款1000万日元,加上“神奈我良”捐的3000万日元,总计达到4000万日元,相当于该支部年收入的两成以上,并非小数目。
文章指出,根据相关规定,宗教团体若要向政党捐赠3000万日元,其前一年的经费支出必须达到6000万日元以上。但很少有宗教团体一年的经费开支能达到6000万日元。而“神奈我良”这样一家名气不大、状态不明的宗教团体却捐出如此高的金额,令人费解。
另据日本《周刊文春》网站10日刊发的文章,收支报告显示,高市的资金管理机构“新时代政策研究会”于2024年4月25日向日本天理时报株式会社打款约1812万日元,款项名为“数据录入工作费”。同年9月24日,又打款约1997万日元,名为“信封和简报印刷及装订费用”。
文章说,“新时代政策研究会”和“自民党奈良县第2选举区支部”两个组织,在去年向天理时报株式会社支出了十余笔款项。
文章援引熟悉政治资金问题的日本神户学院大学教授上脇博之的话说,天理时报株式会社是宗教团体天理教的关联企业。高市方面曾请这家企业录入数据,说明其在向天理时报提供诸如党员名单之类的个人信息,双方关系密切。
本月4日,上脇向检察机关控告说:高市担任代表的“自民党奈良县第2选举区支部”2024年8月26日从东京都一家企业处收受了1000万日元捐款。根据日本《政治资金规正法》,该企业按其注册资本规模全年可捐款上限为750万日元。(完)
图说:10月21日,在日本东京,自民党总裁高市早苗(中)在临时国会众议院首相指名选举中胜出后起身致谢。新华社记者 贾浩成 摄
