Connect with us

Asia

မိုဒီနှင့် ထရမ့်တို့ ကုန်သွယ်ရေးနှင့် စွမ်းအင် စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (ယာ) နှင့် အမေရိကန်နိုင်ငံသို့ ခရီးစဉ် ရောက်ရှိနေသော အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒီဇင်ဘာ ၁၁ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး တိုးချဲ့ရန်၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ ယင်းမှာ ရုရှားသမ္မတ ဗလာတီမာ ပူတင်က ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ အိန္ဒိယသို့ ခရီးစဉ်လာရောက်ပြီးနောက် အိန္ဒိယနှင့် အမေရိကန် ခေါင်းဆောင်များ ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုဖြစ်သည်။

မိုဒီက “သမ္မတထရမ့်နဲ့ အလွန်ခင်မင်ရင်းနှီးပြီး အကျိုးဖြစ်ထွန်းမှုကြွယ်ဝတဲ့ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုတွေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်။ အိန္ဒိယနဲ့ အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စည်ပင်ဝပြောရေးကို ကာကွယ်ထိန်းသိမ်းဖို့ ဆက်လက်ပြီး လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်” ဟူ၍ လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ နှစ်ဖက်သည် အဓိကကျသော နည်းပညာများ၊ စွမ်းအင်၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အခြားဦးစားပေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုအကြိမ် ဖုန်းခေါ်ဆိုမှုကို အိန္ဒိယ၊ အမေရိကန် ကိုယ်စားလှယ်အဖွဲ့များက နယူးဒေလီမြို့၌ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နေစဉ် ဆက်သွယ်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းအရ သိရသည်။ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer က အမေရိကန် စိုက်ပျိုးရေးထုတ်ကုန် (နှံစားပြောင်းနှင့် ပဲပုပ် အပါအဝင်) ဈေးကွက် ဝင်ရောက်ခွင့် တိုးချဲ့ရေးနှင့်စပ်လျဉ်း၍ ယခုအကြိမ် စေ့စပ်ညှိနှိုင်းမှုတွင် အိန္ဒိယက “သမိုင်းတစ်လျှောက် အကောင်းဆုံးဈေးနှုန်းကို ကမ်းလှမ်းခဲ့တယ်” ဟူ၍ ပြောကြားခဲ့ကြောင်း အိန္ဒိယမီဒီယာ၏ ဒီဇင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။ (Xinhua)
…………………
(Chinese Version)
莫迪同特朗普就贸易和能源等问题通电话
新华社新德里12月11日电(记者伍岳)印度总理莫迪11日同美国总统特朗普通电话,就扩大双边贸易、加强能源合作等议题进行讨论。这是俄罗斯总统普京4日至5日访问印度后,印美领导人首次通话。
莫迪在社交媒体发文说:“与特朗普总统进行了非常友好且富有成效的对话。我们回顾了双边关系的进展,并讨论了地区和国际形势。印度和美国将继续携手合作,维护全球和平、稳定与繁荣。”
据印度媒体报道,双方还讨论了扩大关键技术、能源、国防和安全以及其他优先领域的合作。
据报道,此次通话正值印美代表团在新德里进行贸易谈判。印媒10日报道称,美国贸易代表格里尔表示,在扩大美国农产品(包括高粱和大豆)市场准入方面,本轮谈判印度“已经给出了史上最佳报价”。(完)
图说:2月13日,美国总统特朗普(右)与到访的印度总理莫迪在华盛顿白宫出席联合记者会。新华社记者 胡友松 摄