Connect with us

Asia

ဒုတိယကမ္ဘာစစ်ကာလအတွင်း အတင်းအဓမ္မခိုင်းစေခံရသည့် အလုပ်သမား ထိခိုက်နစ်နာသူအား ဂျပန်ကုမ္ပဏီက ဝမ် သန်း ၁၀၀ ပေးလျော်ရန် တောင်ကိုရီးယား တရားရုံးချုပ် စီရင်ချက်ချ

ဂျပန်နိုင်ငံ မြို့တော်တိုကျိုရှိ Shin-Okubo တွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတော်အလံများ ပါဝင်သည့် ကြော်ငြာဆိုင်းဘုတ်ရှေ့မှ ဖြတ်လျှောက်သွားသူကို ၂၀၁၉ ခုနှစ် ဩဂုတ် ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/AP)

ဆိုးလ်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်နိုင်ငံ၏ အတင်းအဓမ္မခိုင်းစေမှုခံရသည့် အလုပ်သမား ထိခိုက်နစ်နာသူ၏ ကျန်ရစ်သူမိသားစုဝင်က ဂျပန်လုပ်ငန်းကုမ္ပဏီတစ်ခုအပေါ် လျော်ကြေးတောင်းဆိုသည့် တရားစွဲဆိုမှုအတွက် တောင်ကိုရီးယားနိုင်ငံ တရားရုံးချုပ်သည် ဒီဇင်ဘာ ၁၁ ရက်တွင် နောက်ဆုံးစီရင်ချ ချမှတ်ခဲ့ပြီး ဒုတိယစီရင်ချက်ရလဒ်အတိုင်း ဆက်လက်ထိန်းသိမ်းခဲ့ရာ တရားခံမှ ဝမ် သန်း ၁၀၀ (တရုတ်ယွမ် ၄၈၀,၀၀၀ ခန့်) ပေးလျော်ရန် တောင်းဆိုထားသည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း အတင်းအဓမ္မခိုင်းစေခံရသည့် တောင်ကိုရီးယားနိုင်ငံသား အလုပ်သမား ထိခိုက်နစ်နာသူ ဂျောင်၏ ကျန်ရစ်သူမိသားစုဝင်သည် ၂၀၁၉ ခုနှစ် ဧပြီလတွင် Nippon Steel ကုမ္ပဏီထံသို့ လျော်ကြေးငွေတောင်းဆိုသည့် တရားစွဲဆိုမှုကို လုပ်ဆောင်ခဲ့သည်။ ပထမစီရင်မှု တရားရုံးသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကျန်ရစ်သူမိသားစုဝင်၏ ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးတောင်းခံသည့် အခွင့်အရေးသည် သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်း အကြောင်းပြချက်ဖြင့် တရားလို၏ တရားစွဲဆိုမှုရှုံးနိမ့်ကြောင်း စီရင်ချက်ချခဲ့သည်။ ဒုတိယစီရင်မှုတရားရုံးက ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တောင်ကိုရီးယား တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်တစ်ခုကို ကိုးကား၍ အဆိုပါအမှုသည် တရားစွဲဆိုမှုသက်တမ်း မကျော်လွန်သေးဟု ယူဆသဖြင့် ပထမအကြိမ် စီရင်ချက်ကို ပယ်ဖျက်ပြီး တရားခံက တရားလိုအား လျော်ကြေးငွေ ဝမ် သန်း ၁၀၀ ပေးချေရန် တောင်းဆိုခဲ့သည်။

ဂျပန်သည် ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်အား ကိုလိုနီအုပ်ချုပ်သည့် ကာလအတွင်း အလုပ်သမားအများအပြားကို ဂျပန်နိုင်ငံသွားရောက်၍ အလုပ်ကြမ်းအလုပ်သမားအဖြစ် လုပ်ကိုင်ရန် အတင်းအဓမ္မ ခိုင်းစေခဲ့သည်။ ကြာရှည်လှသည့်ကာလတစ်လျှောက်တွင် တောင်ကိုရီးယားမှ ထိခိုက်နစ်နာသူ အလုပ်သမားနှင့် ကျန်ရစ်သူ မိသားစုဝင်များက ဂျပန်ဘက်အား လျော်ကြေးတောင်းဆိုရန် အကြိမ်များစွာ တရားစွဲဆိုခဲ့ပြီးဖြစ်သည်။ သို့သော် ဂျပန်နိုင်ငံအစိုးရနှင့် သက်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီတို့က အစဉ်အမြဲ “တောင်ကိုရီးယား-ဂျပန်တောင်းဆိုခွင့် သဘောတူညီချက်” တွင် လျော်ကြေးတောင်းခံမှု ပြဿနာများအား “ဖြေရှင်းပြီးဖြစ်သည်” ဟူသော အကြောင်းပြချက်ဖြင့် လျော်ကြေးပေးရန် ငြင်းပယ်ခဲ့သည်။

တောင်ကိုရိးယား-ဂျပန်တို့ ၁၉၆၅ ခုနှစ်တွင် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ချိန်၌ လက်မှတ်ရေးထိုးခဲ့သည့် “တောင်ကိုရီးယား-ဂျပန်တောင်းဆိုခွင့် သဘောတူညီချက်” သည် ဒုတိယကမ္ဘာစစ်ကာလအတွင်း အတင်းအဓမ္မခိုင်းစေခံရသည့် တောင်ကိုရီးယားနိုင်ငံသား အလုပ်သမားများက တစ်ကိုယ်ရေ လျော်ကြေးတောင်းဆိုခွင့်အပေါ် အတားအဆီးမဖြစ်ကြောင်း တောင်ကိုရီးယား တရားရုံးချုပ်က ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဒုတိယကမ္ဘာစစ်ကာလအတွင်း အတင်းအဓမ္မခိုင်းစေခံရသည့် တောင်ကိုရီးယားနိုင်ငံသား အလုပ်သမား ထိခိုက်နစ်နာသူ ၄ ဦးအား Nippon Steel ကုမ္ပဏီက တစ်ဦးချင်းလျှင် ဝမ် သန်း ၁၀၀ ပေးလျော်ရန် ချမှတ်သည့် စီရင်ဆုံးဖြတ်ချက်အတွင်း အတိအလင်း သတ်မှတ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————–
(Chinese Version)
韩最高法院判处日企向二战强征劳工受害者赔偿1亿韩元
新华社首尔12月11日电(记者陆睿 张粲)韩国大法院(最高法院)11日就二战时期日本强征劳工受害者遗属对一家日本企业提起的索赔诉讼案作出终审判决,维持二审判决结果,要求被告赔偿1亿韩元(约合48万元人民币)。
韩国籍二战强征劳工受害者郑某的遗属2019年4月对日本制铁公司提起索赔诉讼。一审法院2021年9月以遗属行使损害赔偿请求的权利已失效为由,判处原告败诉。二审法院2024年8月援引韩国大法院一项判决,认为该案没有超过诉讼时效,推翻一审判决,要求被告向原告支付1亿韩元赔偿金。
日本1910年至1945年殖民统治朝鲜半岛期间强征大批劳工到日本做苦力。长期以来,韩国受害劳工及遗属多次提起诉讼向日方索赔,但日本政府和相关企业一直以《韩日请求权协定》“已解决”索赔问题为由拒绝赔偿。
2018年10月,韩国大法院在判处日本新日铁住金公司(现为日本制铁公司)赔偿4名韩国籍二战强征劳工受害者每人1亿韩元的判决中,明确认定,韩日1965年恢复邦交正常化时签署的《韩日请求权协定》并不妨碍二战时遭强征的韩国籍劳工行使个人索赔请求权。(完)
图说:2019年8月2日,在日本首都东京的新大久保,行人从标有日本和韩国国旗的广告牌前走过。新华社/美联

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.