Connect with us

Asia

ထိုင်းနိုင်ငံအနေဖြင့် ခြိမ်းခြောက်မှု မခံရသည်အထိ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အနူတင် ဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝန်ကြီးချုပ်အိမ်တော်တွင် ထိုင်းဝန်ကြီးချုပ် အနူတင်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတစ်ဝန်း ရုပ်သံမိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ထိုင်းအစိုးရက လူမှုကွန်ရက်မီဒီယာ၌ ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ နယ်မြေပိုင်နက်နှင့် ပြည်သူများ ထပ်မံ ခြိမ်းခြောက်မှု မခံရသည်အထိ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင်က ဒီဇင်ဘာ ၁၃ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ထိုမတိုင်မီ အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြီးအကဲများနှင့် သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ပြီးဖြစ်ရာ နှစ်နိုင်ငံအကြီးအကဲများက ထိုနေ့ညမှစ၍ အပစ်အခတ်ရပ်စဲပြီး နှစ်နိုင်ငံက ထိုမတိုင်မီ ရရှိထားသော ငြိမ်းချမ်းရေး သဘောတူညီချက်အား ပြန်လည်ဖော်ဆောင်ရန် သဘောတူညီကြောင်း လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။

ကနဦးတွင် ထိုင်းစစ်သည်များစွာ ထိခိုက်သေဆုံးမှုဖြစ်စေခဲ့သည့် လမ်းဘေးဗုံးပေါက်ကွဲမှုမှာ “မတော်တဆ” ဖြစ်သော်လည်း ထိုင်းနိုင်ငံက “အလွန်ပြင်းထန်စွာ” တုံ့ပြန်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ သို့သော် အနူတင်က “ဒါက မတော်တဆ လမ်းဘေးဗုံးပေါက်ကွဲမှု ဖြစ်ရပ်တစ်ခု လုံးဝမဟုတ်ပါဘူး” ဟု လူမှုမီဒီယာတွင် ဆိုခဲ့သည်။

ထိုင်းနိုင်ငံ လေတပ် ပြောခွင့်ရပုဂ္ဂိုလ်က ထိုင်းနိုင်ငံ လေတပ်သည် ဒီဇင်ဘာ ၁၃ ရက်တွင် F-16 တိုက်လေယာဉ်များဖြင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ တံတားအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထိုနေ့တွင် ပြောကြားခဲ့သည်။ (Xinhua)

#Thailand #Threaten #Military Action #ထိုင်း #ခြိမ်းခြောက်မှု #စစ်ရေးလှုပ်ရှားမှု
—————————–
(Chinese Version)
阿努廷:泰方将继续军事行动直到不受威胁
新华社曼谷12月13日电(记者常天童 夏康静)泰国看守政府总理阿努廷13日在社交媒体上说,泰方将继续军事行动,直到泰国领土和人民不再受到威胁。
此前,美国总统特朗普在社交媒体上说,他已同泰柬两国领导人分别通电话,两国领导人同意从当晚起停火,并恢复执行两国之前达成的和平协议。
特朗普还说,最初造成多名泰国士兵伤亡的路边炸弹是“意外”,但泰国仍“非常猛烈”地进行反击。但阿努廷在社交媒体上说:“这绝对不是一起路边炸弹意外事故。”
泰国空军发言人13日说,泰国空军当天出动了F-16战机轰炸泰柬边境的桥梁。(完)
图说:这张泰国政府发布在社交媒体的照片显示,12月8日,泰国总理阿努廷在位于曼谷的总理府就泰柬边境局势发表全国电视讲话。新华社发