Connect with us

Asia

ထိုင်းနိုင်ငံ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန် ကမ္ဘောဒီးယား တိုက်တွန်း

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ရှိ ပြည်သူများနေရာချထားရေးစခန်းတစ်ခုတွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာလာသည့် ကမ္ဘောဒီးယားပြည်သူများက ပစ္စည်းလက်ခံရယူရန် တန်းစီနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ၎င်း၏အရပ်ဘက်သုံး အခြေခံအဆောက်အဦများအပေါ် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Neth Pheaktra က ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ထိုင်းစစ်တပ်သည် ထိုနေ့နံနက်အစောပိုင်းတွင် F-16 တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲမှုလုပ်ဆောင်ခဲ့ရာ Pursat ပြည်နယ် နယ်စပ်ဒေသရှိ ဟိုတယ်တစ်ခုနှင့် တံတားနှစ်စင်းပျက်စီးခဲ့ကြောင်း Neth Pheaktra က ဆိုသည်။ ထိုင်းစစ်တပ်သည် တိုက်ခိုက်မှုအတိုင်းအတာကို ကမ္ဘောဒီးယား အရပ်သားပြည်သူနှင့် ဒေသခံကျေးရွာများအထိ တိုးချဲ့လိုက်ပြီး အရပ်ဘက် အခြေခံအဆောက်အဦများကိုလည်း ဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်ကြိမ်ပြီးတစ်ကြိမ် ထိပါးလျက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ ပြည်တွင်း၌ အဆက်မပြတ် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်လိုက်ကြောင်း၊ ကမ္ဘောဒီးယားဘက်က ၎င်း၏နယ်မြေပိုင်နက်နှင့် အရပ်သားပြည်သူများအား ကာကွယ်သည့် တစ်ချိန်တည်းတွင် အခြေအနေ အဆင့်မြင့်တက်လာခြင်းအား ကာကွယ်ရန် သင့်တော်သည့် အစီအမံများ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ကမ္ဘောဒီးယားဘက်က ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးမှုနှင့် နိုင်ငံတကာဥပဒေအား ဖော်ဆောင်ရန် ခိုင်မာစွာ ကြိုးပမ်းနေဆဲဖြစ်ကြောင်း Neth Pheaktra က ဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်အထိ ပဋိပက္ခကြောင့် ကမ္ဘောဒီးယားဘက်တွင် အရပ်သားပြည်သူ ၁၁ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နယ်စပ်ပြည်နယ် ၅ ခုတွင် မိသားစုပေါင်း ၉၀,၀၀၀ နီးပါး နေရပ်စွန့်ခွာရပြီး စုစုပေါင်း လူဦးရေ ၃၀၀,၀၀၀ ခန့်ရှိကြောင်း Neth Pheaktra ထုတ်ပြန်သော သတင်းအချက်အလက်အရ သိရသည်။

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်တို့သည် ဒီဇင်ဘာ ၁၂ ရက်တွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။ ထရမ့်က ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ နှစ်နိုင်ငံအကြီးအကဲများသည် ထိုနေ့ညမှစ၍ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။ သို့သော် ယင်းကိစ္စကို ထိုင်းနိုင်ငံဘက်က ဒီဇင်ဘာ ၁၃ ရက်တွင် ငြင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version)
柬埔寨呼吁泰国立即停止军事行动
新华社金边12月13日电(记者吴长伟)柬埔寨新闻部大臣奈帕德拉13日表示,柬方呼吁泰方立即停止对柬埔寨及其民用基础设施的军事行动。
奈帕德拉说,泰军当天早上出动两架F-16战斗机投掷炸弹,摧毁了菩萨省边境地区的一家酒店和两座桥梁。他说,泰国军队已将袭击范围扩大到柬埔寨平民和居民村庄,并破坏民用基础设施。
奈帕德拉表示,泰国一再侵犯柬埔寨主权,并通过在柬境内持续的军事行动破坏了停火协议。柬方已采取适当措施捍卫其领土和平民,同时避免局势升级。柬方仍然坚定致力于和平、对话和国际法。
据奈帕德拉公布的信息,截至12月12日,冲突已造成柬方11名平民死亡,59人受伤,在5个边境省份共有近9万个家庭流离失所,总计约30万人。
12日,泰国看守政府总理阿努廷、柬埔寨首相洪玛奈分别与美国总统特朗普就柬泰边境冲突通电话。特朗普当天在社交媒体发文称,两国领导人同意从当晚起停火,但泰方13日予以否认。(完)
图说:12月12日,在柬埔寨班迭棉吉省的一处居民安置点,因柬泰边境冲突而撤离的柬埔寨民众排队领取物资。新华社发(索万纳拉摄)