Connect with us

Asia

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခကြောင့် ကမ္ဘောဒီးယားတွင် အိုးမဲအိမ်မဲ့ဖြစ်ပွားသူ ၃၉၅,၀၀၀ နီးပါးရှိ

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခဖြစ်ပွားသည့် ၈ ရက်မြောက်နေ့တွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသော ကမ္ဘောဒီးယား အရပ်သားပြည်သူဦးရေ ၃၉၅,၀၀၀ နီးပါးရှိကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ပဋိပက္ခကြောင့် ကမ္ဘောဒီးယားဘက်က လူပေါင်း ၃၉၄,၇၀၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရာ ၎င်းတို့အနက် အမျိုးသမီး ၂၀၄,၈၈၉ ဦး၊ ကလေးငယ် ၉၅,၉၄၉ ဦး ရှိကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပဋိပက္ခသည် ဒီဇင်ဘာ ၁၄ ရက်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်မှစ၍ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသတွင် ပဋိပက္ခအပြင်းအထန် ထပ်မံဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် “စတင်ပစ်ခတ်” သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။ (Xinhua)
———————————
(Chinese Version)
柬埔寨近39.5万人因柬泰冲突流离失所
新华社金边12月14日电(记者吴长伟)柬埔寨内政部14日发布消息说,柬泰边境冲突进入第八天,流离失所的柬埔寨平民人数已增至近39.5万。
柬埔寨内政部说,冲突已导致柬方394706人流离失所,其中包括204889名妇女、95949名儿童。
柬埔寨国防部发言人马莉淑洁达当天在新闻发布会上说,柬泰边境冲突14日仍在持续。
12月7日起,柬泰边境地区再次爆发激烈冲突。双方均指责对方“先开火”。(完)
1,2. 12月12日,在柬埔寨班迭棉吉省的一处居民安置点,因柬泰边境冲突而撤离的柬埔寨民众在休息。新华社发(索万纳拉摄)
3. 12月12日,在柬埔寨班迭棉吉省的一处居民安置点,因柬泰边境冲突而撤离的柬埔寨儿童领取零食。