Connect with us

Asia

ပါကစ္စတန် ရေတပ်က တာဝေး ဝေဟင်ပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု လုပ်ဆောင်

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ရေတပ်သည် ဒီဇင်ဘာ ၁၅ ရက်တွင် အာရေဗျပင်လယ် မြောက်ဘက်ပင်လယ်ပြင်၌ တာဝေး ဝေဟင်ပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ISI သတင်းဗျူရိုက အဆိုပါနေ့ ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။ပါကစ္စတန်နိုင်ငံ ရေတပ်သည် တိုက်ခိုက်မှုအင်အား ပြသမှုအတွင်း လှုပ်ရှားနိုင်မှုစွမ်းရည် အလွန်မြင့်မားသော ဝေဟင်ပစ်မှတ်အား ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သောကြောင့် ရေတပ်၏ စစ်ဆင်ရေးစွမ်းရည်နှင့် စစ်ပွဲအတွက် အသင့်ပြင်မှု အခြေအနေကို ထပ်မံသက်သေထူလိုက်ကြောင်း၊ ပါကစ္စတန် ရေတပ် ရေယာဉ်တပ်ဖွဲ့ဦးစီးမှူးက ရေယာဉ်တစ်စင်းပေါ်တွင် အဆိုပါပစ်လွှတ်မှုကို လေ့လာကြည့်ရှုခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)

————————————
(Chinese Version)
巴基斯坦海军试射远程地对空导弹
新华社伊斯兰堡12月15日电(记者杨恺)巴基斯坦三军新闻局15日发表声明说,巴海军当天在阿拉伯海北部海域成功试射了远程地对空导弹。
声明说,巴基斯坦海军在火力展示中有效打击了机动性极强的空中目标,再次证明了海军的作战能力和战备状态。巴海军舰队司令在一艘舰艇上进行了观摩。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.