Asia
ဂျပန်အနေဖြင့် အတင်းအဓမ္မ အလုပ်သမားခိုင်းစေသည့် သမိုင်းအား လက်တွေ့ကျကျ ထင်ဟပ်ဖော်ပြရန် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း
ဆိုးလ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံက ဆာဒို ရွှေသတ္တုတွင်း သက်ဆိုင်ရာအစီရင်ခံစာများတွင် တောင်ကိုရီးယားနိုင်ငံသား အလုပ်သမားများအား အတင်းအဓမ္မခိုင်းစေသည့် သမိုင်းကို ထပ်မံထည့်သွင်းဖော်ပြခြင်းမရှိမှုအတွက် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာ ၁၅ ရက်တွင် သဘောထားထုတ်ပြန် ပြောကြားရာ၌ ဂျပန်က ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီ (WHC) ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ၎င်းကိုယ်ပိုင် ကတိကဝတ်များအား လက်တွေ့ကျကျ ထမ်းဆောင်ရန်၊ တောင်ကိုရီးယား အလုပ်သမားများ အပါအဝင် ထိခိုက်နစ်နာသူအားလုံးအတွက် စိတ်ရင်းစေတနာမှန်ဖြင့် ဝမ်းနည်းအောက်မေ့ရန် တိုက်တွန်းခဲ့သည်။ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီ (WHC) သည် ၎င်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဂျပန်က တင်ပြသော “ဆာဒို ရွှေသတ္တုတွင်းအား ကာကွယ်ထိန်းသိမ်းမှု လက်ရှိအခြေအနေ အစီရင်ခံစာ” ကို ထုတ်ပြန်ဖော်ပြထားကြောင်း၊ အဆိုပါအစီရင်ခံစာသည် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဆာဒို ရွှေသတ္တုတွင်းက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းခံရချိန်၌ WHC က အမွေအနှစ် ကာကွယ်ထိန်းသိမ်းမှုနှင့် စပ်လျဉ်း၍ ဂျပန်ထံ အကြံပြုချက် ၈ ရပ် အဆိုပြု၍ ဂျပန်ဘက်က သက်ဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေအား တင်ပြရန် တောင်းဆိုထားခြင်းကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သုံးသပ်ချက်တစ်ခုတွင် ပြောကြားထားသည်။
WHC က အဆိုပါအကြံပြုချက် ၈ ရပ်အတွင်း၌ ဂျပန်အနေဖြင့် အမွေအနှစ်သမိုင်းတစ်ရပ်လုံးအား ပေါ်လွင်အောင်ဖော်ပြနိုင်သည့် ရှင်းလင်းတင်ပြချက်၊ ခင်းကျင်းပြသမှုအစီအစဉ်နှင့် သက်ဆိုင်ရာ အဆောက်အဦများအား သတ်မှတ်၍ တည်ဆောက်သင့်ပြီး ၎င်းအနက် တောင်ကိုရီးယားနိုင်ငံသားများ အတင်းအဓမ္မခိုင်းစေခံရသည့် သမိုင်းဖြစ်ရပ်မှန် ပါဝင်သင့်သည်ဟု အတိအလင်း ထောက်ပြထားကြောင်း၊ သို့သော် ယခုအကြိမ် အစီရင်ခံစာအရ ကြည့်မည်ဆိုပါက ဂျပန်သည် ဆာဒို ရွှေသတ္တုတွင်း အနီးတစ်ဝိုက်ရှိ အိုင်ကာဝါသမိုင်းပြတိုက်တွင်သာ တောင်ကိုရီးယားအလုပ်သမားများနှင့် သက်ဆိုင်သည့်အကြောင်းအရာ ပြသမှုနှင့် အလုပ်သမား လူနေဆောင် အပျက်အစီးနေရာအပေါ် သက်ဆိုင်ရာ ရှင်းလင်းပြောကြားချက်တွင်သာ ကောင်းမွန်လာအောင် လုပ်ဆောင်လာကြောင်း၊ အမွေအနှစ်နေရာရှိ မည်သည့်ဒေသတွင်မဆို တောင်ကိုရီးယား အလုပ်သမားများ အတင်းအဓမ္မ ခိုင်းစေခံရခြင်းဟူသည့် အဓိကအကြောင်းအရာကို တွေ့မြင်ရခြင်းမရှိကြောင်း သုံးသပ်ပြောကြားချက်တွင် ဆိုထားသည်။
ဂျပန်အစိုးရအနေဖြင့် WHC ၏ “အမွေအနှစ်နေရာတွင် ၎င်း၏ပြည့်စုံသောသမိုင်းအား အစစ်အမှန်အတိုင်း ထင်ဟပ်ခြင်း” ဟူသော ဆုံးဖြတ်ချက်ကို လက်တွေ့ဖော်ဆောင်နိုင်ခြင်း မရှိသလို ၎င်း၏ကတိကဝတ်ကိုလည်း ဖော်ဆောင်နိုင်ခြင်းမရှိကြောင်း သုံးသပ်ချက်တွင် ထောက်ပြထားသည်။ ယင်းနှင့်စပ်လျဉ်း၍ ဂျပန်ဘက်က ယနေ့တိုင် WHC က အတည်ပြုထားသည့် သက်ဆိုင်ရာဆုံးဖြတ်ချက်အားလုံးနှင့် ဂျပန်ဘက်က ယင်းအပေါ် ပြုထားသည့် ကတိကဝတ်များကို စွဲမြဲစွာမှတ်သားထားရန်၊ တောင်ကိုရီးယား အလုပ်သမားများအပါအဝင် ထိခိုက်နစ်နာသူ အလုပ်သမားအားလုံးကို စိတ်ရင်းစေတနာမှန်ဖြင့် အောက်မေ့ရန် တောင်ကိုရီးယားအစိုးရက တိုက်တွန်းကြောင်း သုံးသပ်ပြောကြားချက်က ဆိုထားသည်။
ဂျပန် ဆာဒို ရွှေသတ္တုတွင်းသည် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ ၄၆ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံ၌ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းခံခဲ့ရကြောင်း၊ တောင်ကိုရီးယားဘက်က တွဲဖက်လုပ်ဆောင်မှု ရရှိနိုင်ရန်အလို့ငှာ ဂျပန်အစိုးရသည် အတင်းအဓမ္မ ခိုင်းစေခံရသော တောင်ကိုရီးယား အလုပ်သမား ထိခိုက်နစ်နာသူများအတွက် ဝမ်းနည်းအောက်မေ့ခြင်း အခမ်းအနား ကျင်းပပေးမည်ဟု ကတိပြုခဲ့သည်ဟု Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
သို့သော် တောင်ကိုရီးယားမီဒီယာများ၏ သတင်းဖော်ပြချက်အရ ဂျပန်က အောက်မေ့ခြင်းအခမ်းအနားအား ပြင်ဆင်မှုနှင့် ကျင်းပသည့်ဖြစ်စဉ်အတွင်း အလုပ်သမားများ အတင်းအဓမ္မ ခိုင်းစေသည့် သမိုင်းဖြစ်ရပ်မှန်ကို အစဉ်တစိုက် ဝန်ခံခဲ့ခြင်းမရှိသောကြောင့် သက်ဆိုင်ရာ လှုပ်ရှားမှုအခမ်းအနားများသည် နှစ်နှစ်ဆက်တိုက် ရှုပ်ထွေးမှုများ ဖြစ်ခဲ့ပြီး ပုံမှန်အတိုင်း ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ဆာဒို ရွှေသတ္တုတွင်းသည် ဂျပန်နိုင်ငံ နီအီဂါတာ့ခရိုင် ဆာဒိုမြို့၌ တည်ရှိသည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း စစ်ပွဲပစ္စည်းများ ပံ့ပိုးပေးမှုကို အာမခံပေးရန်အလို့ငှာ ဂျပန်သည် ကိုရီးယားကျွန်းဆွယ် အလုပ်သမားပေါင်း ၁,၂၀၀ ခန့်ကို အဆိုပါရွှေသတ္တုတွင်း၌ ပင်ပန်းဆင်းရဲမှုကြီးစွာ အလုပ်လုပ်ကိုင်ရန် အတင်းအဓမ္မခိုင်းစေခဲ့ကြောင်း၊ လုပ်ငန်းပတ်ဝန်းကျင်ဆိုးရွားသည့်အပြင် အလွန်အမင်း ဖိနှိပ်ခံရခြင်းကြောင်း၊ အလုပ်သမားများစွာမှာ နောက်ပိုင်းတွင် နျူမိုဆစ်တစ်အဆုတ်ရောဂါ စသည်တို့ကြောင့် သေဆုံးခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
———————————————–
(Chinese Version)
韩外交部敦促日本切实反映强征劳工历史
新华社首尔12月16日电(记者张粲 杨畅)韩国外交部发言人15日就日本在佐渡金山相关报告中再次未提及强征韩籍劳工历史一事表态,敦促日方切实履行世界遗产委员会相关决定及其自身承诺,真诚追悼包括韩国劳工在内的所有受害劳工。
韩国外交部发言人在一份评论中说,联合国教科文组织世界遗产委员会在其官方网站公布了日本提交的《佐渡金山保护现状报告》。该报告源于2024年7月佐渡金山被列入世界文化遗产名录时,世界遗产委员会就遗产保护问题向日方提出8项建议,并要求日方说明相关落实情况。
评论称,世界遗产委员会在这8项建议中明确指出,日本应当制定并建设能够全面呈现遗产整体历史的解说、布展计划及相关设施,其中需包括韩国人被强征的历史事实。但从此次报告内容来看,日本仅对佐渡金山附近的相川乡土博物馆中有关韩国劳工的展览内容,以及劳工宿舍遗址的相关说明进行改善,而在遗产现场的任何区域,都未出现韩国劳工被强征这一核心内容。
评论指出,日本政府未能切实履行世界遗产委员会关于“在遗产现场如实反映其完整历史”的决定,也未能兑现自身承诺。对此,韩国政府敦促日方牢记迄今为止世界遗产委员会通过的所有相关决定及日本对此作出的承诺,真诚追悼包括韩国劳工在内的所有受害劳工。
据韩联社报道,日本佐渡金山2024年7月在联合国教科文组织第46届世界遗产大会上被列入世界文化遗产名录。为争取韩方配合,日本政府曾承诺将为强征韩国劳工受害者举行悼念仪式。但据韩媒报道,日本在悼念仪式的筹备和举行过程中始终未承认强征劳工的历史事实,导致相关活动连续两年陷入混乱,未能正常举行。
佐渡金山位于日本新潟县佐渡市。据韩媒披露,二战期间,为了确保战争物资供应,日本强征约1200名朝鲜半岛劳工在这座金矿从事繁重劳役。由于工作环境恶劣且备受压迫,不少劳工后来死于尘肺病等。(完)
图说:2019年8月2日,在日本首都东京的新大久保,行人从标有日本和韩国国旗的广告牌前走过。新华社/美联
