Asia
ထိုင်းစစ်တပ် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘောဒီးယားပြည်သူ ၁၇ ဦးသေဆုံးကာ ၇၇ ဦး ဒဏ်ရာရဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ဆို
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ထိုင်းစစ်တပ်က ကမ္ဘောဒီးယား ပိုင်နက်နယ်မြေအပေါ် အဆက်မပြတ် ဗုံးကြဲမှုနှင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် ကမ္ဘောဒီးယား အရပ်သားပြည်သူ ၁၇ ဦးသေဆုံးကာ ၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ ၁၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းမှစ၍ ထိုင်းစစ်တပ်သည် တင့်ကားစက်သေနတ်၊ ဒရုန်း၊ အမြောက်နှင့် F-16 တိုက်လေယာဉ်များဖြင့် ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ၊ Banteay Meanchey နှင့် Pursat ပြည်နယ်များရှိ ပစ်မှတ်များစွာကို တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၇ ရက်အထိ ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ကမ္ဘောဒီးယား အရပ်သားပြည်သူပေါင်း ၁၇ ဦး ရှိလာပြီဖြစ်ကာ ဒဏ်ရာရသူဦးရေသည် ၇၇ ဦးအထိ မြင့်တက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ ခိုလှုံရေးစခန်းမှ ထွက်ခွာနေကြသူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Agence Kampuchea Presse/Handout via Xinhua)
ပဋိပက္ခကြောင့် ကမ္ဘောဒီးယားတွင် မိသားစုပေါင်း ၁၃၀,၀၀၀ ကျော်၊ လူဦးရေပေါင်း ၄၃၈,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းအရ သိရသည်။
ဒီဇင်ဘာ ၇ ရက်မှစ၍ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသတွင် ပဋိပက္ခအပြင်းအထန် ထပ်မံဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးက “စတင်ပစ်ခတ်” သည်ဟု တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပြစ်တင်ပြောကြားခဲ့သည်။ (Xinhua)
———————————
(Chinese Version)
柬埔寨国防部:泰军持续空袭炮击已致柬平民17死77伤
新华社金边12月17日电(记者吴长伟)柬埔寨国防部发言人马莉淑洁达17日在新闻发布会上表示,泰国军队持续对柬埔寨领土进行空袭和炮击,已导致柬平民17死77伤。
她说,自17日清晨以来,泰国军队使用坦克机枪、无人机、火炮和F-16战斗机袭击了柬埔寨奥多棉吉省、班迭棉吉省和菩萨省的多个目标。截至17日,在冲突中丧生的柬平民已达17人,受伤人数升至77人。
据柬内政部发布的信息,冲突已造成柬超过13万个家庭、约43.8万人逃离家园。
12月7日起,柬泰边境地区再次爆发激烈冲突。双方均指责对方“先开火”。(完)
图说1:这是12月16日在柬埔寨班迭棉吉省拍摄的一处遭泰军炮击损坏的民房。新华社/柬新社
图说2:12月15日,人们从柬埔寨暹粒省的一处避难所撤离。新华社/柬新社
