Asia
မလေးရှားဝန်ကြီးချုပ်က အစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်း
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်းမည်ဟု ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့ပြီး အစိုးရအဖွဲ့ဝင်အသစ်များ၏ ခန့်အပ်မှုအစီအစဉ်များကို ထုတ်ပြန်ခဲ့သည်။ထိုနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အန်ဝါက အစိုးရဌာနအများအပြားမှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ ရာထူးအပြောင်းအလဲရှိခဲ့ပြီး အစိုးရအဖွဲ့တွင် အဖွဲ့ဝင်အသစ်များလည်း တိုးလာကြောင်း၊ ၎င်းတို့တွင် မူလက စွမ်းအင်နှင့် ရေအရင်းအမြစ် အသွင်ပြောင်းရေးဌာန ဒုတိယဝန်ကြီး Akmal Nasir အား စီးပွားရေးဝန်ကြီးအဖြစ် တာဝန်လွှဲပြောင်းခြင်း၊ မူလက စိုက်ခင်းနှင့် ကုန်စည်ဝန်ကြီးဌာန ဝန်ကြီး Johari Ghani အား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးအဖြစ် တာဝန်ပြောင်းရွှေ့ခြင်းတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။အစိုးရအဖွဲ့ဝင်အသစ်များသည် ဒီဇင်ဘာ ၁၇ ရက် နံနက်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး ထိုနေ့မွန်းလွဲပိုင်းတွင် အစိုးရအဖွဲ့ အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ပူထရာဂျာရာမြို့တွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ (အရှေ့) သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Prime Minister’s Office of Malaysia/Handout via Xinhua)
အန်ဝါက အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းသည် လစ်လပ်နေသော ရာထူးများကို ဖြည့်ဆည်းရန်ဖြစ်သလို အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးတိုးတက်မှု ပြန်လည်အားကောင်းရေးအတွက် အာရုံစူးစိုက်လုပ်ဆောင်ခြင်းကို သေချာစေကာ အများပြည်သူ၏ စိုးရိမ်မှုများကို တုံ့ပြန်မှုပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် စီမံခန့်ခွဲမှု အားကောင်းလာစေရန်နှင့် မူဝါဒအကောင်အထည်ဖော်ရေး ထိရောက်မှုကို မြှင့်တင်ရန်အား ဦးစားပေးကိစ္စရပ်များအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ (Xinhua)
………………….
(Chinese Version)
马来西亚总理改组内阁
新华社吉隆坡12月16日电(记者王嘉伟 毛鹏飞)马来西亚总理安瓦尔16日宣布内阁改组,并公布了新一届内阁成员任命安排。
安瓦尔在当天举行的新闻发布会上表示,多个政府部门的部长和副部长发生变动,同时有新成员入阁,其中包括原能源及水务转型部副部长阿克迈勒·纳西尔调任经济部长,原种植及原产业部长乔哈里·阿卜杜勒·加尼转任投资、贸易和工业部长。
安瓦尔说,新内阁成员将于17日上午宣誓就职,同日下午召开内阁会议。
安瓦尔表示,此次内阁重组既是为了填补职位空缺,也是为了确保内阁集中精力重振经济增长,回应民众关切。他还在社交媒体上表示,政府将继续把加强治理、提升政策执行效能作为优先事项。(完)
图说:12月16日,在马来西亚布特拉加亚,马来西亚总理安瓦尔(前)参加新闻发布会。新华社发(马来西亚总理府供图)
