Asia
အာဆီယံစောင့်ကြည့်ရေးအဖွဲ့ငယ် ဖြန့်ကြက်ထားရန် ထိုင်း-ကမ္ဘောဒီယား နှစ်နိုင်ငံလုံးသဘောတူဟု မလေးရှားဝန်ကြီးချုပ် ပြောကြား
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အာဆီယံစောင့်ကြည့်ရေးအဖွဲ့ငယ် ဖြန့်ကြက်ထားရန် ထိုင်း-ကမ္ဘောဒီယား နှစ်နိုင်ငံစလုံးက သဘောတူညီပြီးဖြစ်ကြောင်း၊ မလေးရှားစစ်တပ် အကြီးအကဲက လာမည့်ရက်ပိုင်းအတွင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကို သွားရောက်ကာ စစ်ရေးအလွှာတွင် ထိတွေ့ဆက်ဆံမှုနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။မလေးရှားနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်တပ်တာဝန်ရှိသူများအကြား စေ့စပ်ညှိနှိုင်းမှုအပါအဝင် နည်းလမ်းများစွာမှတစ်ဆင့် ကြားဝင်ညှိနှိုင်းပေးမှုများ ဆောင်ရွက်လျက်ရှိသည်ဟု အန်ဝါ အီဘရာဟင်က ယင်းနေ့ညပိုင်း အခမ်းအနားအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့ကြောင်း မလေးရှားနိုင်ငံပိုင်သတင်းဌာန Bernama ၏ သတင်းများအရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ရှိ နယ်စပ်ဒေသမှထွက်ခွာလာသူများ နေရာချထားရေးစခန်းတစ်ခုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဒီဇင်ဘာ ၂၂ ရက်တွင် ကွာလာလမ်ပူမြို့၌ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို တက်ရောက်ရန် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ သဘောတူညီပြီးဖြစ်ကြောင်း အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ရှိ နေရာချထားရေးစခန်းတစ်ခုတွင် နယ်စပ်ဒေသမှ ထွက်ခွာလာသူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယခုအကြိမ်အစည်းအဝေးကို မလေးရှားနှင့် အာဆီယံတို့ အတူတကွ ကမကထပြုခြင်း ဖြစ်ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေတင်းမာမှုများ ပြေလျော့အောင် တွန်းအားပေးရန်၊ အခြေအနေ တစ်ဆင့်တိုးအရှိန်မြင့်တက်မှုကို ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။ “နှစ်ဖက်စလုံးက ရှေ့တန်းထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်တန့်ဖို့၊ အခြေအနေပေးရင် အပစ်ရပ်ရေး အမြန်ဆုံးဖော်ဆောင်ဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————————–
(Chinese Version)
马来西亚总理:泰柬均已同意东盟部署观察员小组
新华社吉隆坡12月17日电(记者王嘉伟 毛鹏飞)马来西亚总理安瓦尔17日表示,泰国和柬埔寨均已同意东盟部署观察员小组,马来西亚武装部队总司令将在未来几天前往泰柬边境地区,继续在军事层面开展接触与沟通。
据马新社报道,安瓦尔当晚在一场活动上表示,马来西亚正通过多条渠道持续开展斡旋,包括两国领导人、外交部长以及武装部队负责人之间的沟通。
安瓦尔表示,泰国和柬埔寨已同意出席将于本月22日在吉隆坡举行的东盟外长特别会议。此次会议由马来西亚和东盟共同发起,旨在推动缓和泰柬边境紧张局势,防止局势进一步升级。“我们呼吁双方立即停止前线攻势,若条件允许,尽快实现停火。”他说。(完)
1. 12月15日,人们从柬埔寨暹粒省的一处避难所撤离。新华社/柬新社
2. 这是12月17日在柬埔寨班迭棉吉省拍摄的一处边境撤离人员安置点。 新华社发(索万纳拉摄)
3. 这是12月17日在柬埔寨班迭棉吉省一处安置点拍摄的边境撤离人员。新华社发(索万纳拉摄)
