Connect with us

Asia

ရှင်ဇိုအာဘေး လုပ်ကြံခံရမှုအတွက် တရားခံအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ရန် ဂျပန်နိုင်ငံ အစိုးရရှေ့နေက အကြံပြု

ဂျပန်နိုင်ငံ နာရာမြို့ လမ်းမထက်၌ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) လွှတ်တော်အမတ် ရွေးကောက်ပွဲလှုပ်ရှားမှု အခမ်းအနားတက်ရောက်သည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရာ မြို့သူ မြို့သားများက ထိုနေ့တွင် ရှင်ဇိုအာဘေး သေနတ်ပစ်ခတ်ခံရမှု အချင်းဖြစ်ပွားရာနေရာ၌ ဝမ်းနည်းအောက်မေ့နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ နာရာခရိုင်တရားရုံးသည် ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုအတွက် ခုံရုံးဖွင့်ကြားနာခဲ့ရာ အစိုးရရှေ့နေက တရားရုံးအနေဖြင့် တရားခံ Tetsuya Yamagami ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ရန် အကြံပြုခဲ့သည်။

အဆိုပါ အမှုစိစစ်ကြားနာရေးလုပ်ငန်းစဉ်သည် ထိုအချိန်တွင် ပြီးဆုံးသွားပြီဖြစ်ရာ တရားရုံးက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၌ စီရင်ချက်ကြေညာမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် ရှင်ဇိုအာဘေးသည် နာရာမြို့ လမ်းမထက်၌ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) လွှတ်တော်အမတ်ကိုယ်စားလှယ်လောင်းအတွက် အားဖြည့်လှုပ်ရှားပေးနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ အရေးပေါ်ကယ်တင်မှုလုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင်သေဆုံးသွားခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်းသည် အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။

သံသယရှိသူ Tetsuya Yamagami ကို အချင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးရမိခဲ့သည်။ ၎င်း၏ထွက်ဆိုချက်အရ ၎င်းသည် ရှင်ဇိုအာဘေးကို တိုက်ခိုက်မှုပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ခြင်းမှာ ရှင်ဇိုအာဘေး၏ အဖိုး၊ ဝန်ကြီးချုပ်ဟောင်း Nobusuke Kishi သည် “ကမ္ဘာ့ငြိမ်းချမ်းရေး မိသားစုပေါင်းစည်းမှု အဖွဲ့ချုပ်” (Unification Church) ကို ဂျပန်နိုင်ငံသို့ မိတ်ဆက်ပေးရန် ကူညီပေးခဲ့သောကြောင့်ဖြစ်သည်။ Tetsuya Yamagami ၏ မိခင်သည် အဆိုပါအဖွဲ့သို့ ကာလကြာရှည်စွာ ငွေကြေးအများအပြား လှူဒါန်းခဲ့သဖြင့် မိသားစုက အကျပ်အတည်းအတွင်းသို့ ကျရောက်ခဲ့ရကြောင်း သိရသည်။ (Xinhua)

—————————————
(Chinese Version)
日本检方建议判处安倍遇刺案被告无期徒刑
新华社东京12月18日电(记者李子越 陈泽安)日本奈良地方法院18日下午就前首相安倍晋三遇刺案举行公开庭审,检方建议法院判处被告山上彻也无期徒刑。
本案审理程序至此结束,法院将于2026年1月作出宣判。
2022年7月8日,安倍晋三在奈良市街头为自民党参议员候选人助选时遭枪击,经抢救不治身亡,终年67岁。嫌疑人山上彻也当场被捕。据其供述,他将安倍作为袭击目标,是因为安倍外祖父、前首相岸信介曾协助将“世界和平统一家庭联合会”(原“统一教会”)引入日本。山上彻也的母亲长期向该团体大量捐款,导致家庭陷入困境。(完)
图说:2022年7月8日,市民在日本奈良市安倍晋三遭枪击现场悼念。当日,日本前首相安倍晋三在奈良市街头参加自民党议员助选活动时遭枪击身亡。新华社记者 张笑宇 摄