Connect with us

Asia

ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ တံတားတစ်စင်းကို ဗုံးကြဲဖျက်ဆီးခဲ့သည်ဟု ကမ္ဘောဒီးယား ဆို

ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ပြည်နယ်နှင့် Siem Reap ပြည်နယ် နယ်စပ်ရှိ ဗုံးကြဲခံရသော တံတားတစ်စင်းအား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Agence Kampuchea Presse/Handout via Xinhua)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ထိုင်းစစ်တပ်သည် F-16 တိုက်လေယာဉ် စေလွှတ်ကာ ကမ္ဘောဒီးယားရှိ ကွန်ကရစ်တံတားတစ်စင်းကို ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ဒီဇင်ဘာ ၁၉ ရက် ညပိုင်း ၁၀ နာရီ ၅၈ မိနစ်တွင် ထိုင်းစစ်တပ်သည် F-16 တိုက်လေယာဉ် စေလွှတ်ကာ ဗုံးနှစ်လုံးကြဲခဲ့ပြီး Oddar Meanchey ပြည်နယ်နှင့် Siem Reap ပြည်နယ် နယ်စပ်ရှိ တံတားတစ်စင်းကို ဖျက်ဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းအထိ ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ နေရာအများအပြားတွင် အမြောက်များဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်ကြောင်းMaly Socheata က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ ကမ္ဘောဒီးယား-ထိုင်း အသစ်တစ်ကြိမ် ပဋိပက္ခကြောင့် ကမ္ဘောဒီးယားအရပ်သားပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ၇၉ ဦး ဒဏ်ရာရခဲ့ရာ ပြည်သူပေါင်း ၅၁၀,၀၀၀ ကျော်သည် မဖြစ်မနေ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။ (Xinhua)
………………
(Chinese Version)
柬埔寨称泰军轰炸柬境内一座桥梁
新华社金边12月20日电(记者吴长伟)柬埔寨国防部发言人马莉淑洁达20日在新闻发布会上说,泰国军方出动F-16战斗机轰炸了柬境内一座混凝土桥梁。
马莉淑洁达说,19日晚10时58分,泰国军方出动一架F-16战斗机投下两枚炸弹,摧毁了位于奥多棉吉省和暹粒省交界处的一座桥梁。截至20日上午,泰国军方仍在继续向柬埔寨境内多个地点发射炮弹。
根据柬埔寨内政部公布的最新数据,新一轮柬泰冲突已造成18名柬埔寨平民死亡,79人受伤,迫使逾51万人逃离家园。(完)
图说:这是12月20日在柬埔寨奥多棉吉省与暹粒省交界处拍摄的被轰炸的桥梁。新华社/柬新社