Connect with us

Asia

ဆာနာအဲ တာကာအိချိက အောက်လွှတ်တော် ဖျက်သိမ်းလိုက်ခြင်းကို ဂျပန်အတိုက်အခံပါတီအများအပြား ဝေဖန်

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အောက်လွှတ်တော် မျက်နှာစုံညီအစည်းအဝေး၌ ဂျပန်အောက်လွှတ်တော်ဥက္ကဋ္ဌ Fukushiro Nukaga က ဖျက်သိမ်းရေးအမိန့်စာအား ဖတ်ကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ဂျပန်အောက်လွှတ်တော်ကို ဇန်နဝါရီ ၂၃ ရက်တွင် တရားဝင်ဖျက်သိမ်းခဲ့ပြီး ယင်းမှာ နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်ပုံမှန်အစည်းအဝေးဖွင့်ပွဲနေ့တွင် ဖျက်သိမ်းခဲ့ခြင်းလည်းဖြစ်သည်။ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ဤအချိန်တွင် အောက်လွှတ်တော်ကို ဖျက်သိမ်းရန် အဆိုပြုခြင်းကို အတိုက်အခံပါတီခေါင်းဆောင်အများအပြားက ထိုနေ့တွင်ပင် ဝေဖန်ခဲ့ကြသည်။ဇန်နဝါရီ ၂၃ ရက်သည် ဂျပန်လွှတ်တော်ပုံမှန်အစည်းအဝေးဖွင့်ပွဲနေ့ဖြစ်ပြီး ထိုအစည်းအဝေး၏ အရေးကြီးအစီအစဉ်တစ်ခုမှာ ဧပြီလ ၁ ရက် ဘဏ္ဍာရေးနှစ်သစ်မစတင်မီ ဘတ်ဂျက်ဥပဒေကြမ်းကို ပြန်လည်သုံးသပ်၍ အတည်ပြုခြင်းပင်ဖြစ်သည်။ ဤအချိန်တွင် လွှတ်တော်ကို ဖျက်သိမ်းခြင်းက ဘတ်ဂျက်ပြန်လည်သုံးသပ်ခြင်း ပုံမှန်လုပ်ငန်းစဉ်ကို သိသိသာသာနှောင့်နှေးစေနိုင်သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဌာနချုပ်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌရွေးကောက်ပွဲ၌ ဆာနာအဲ တာကာအိချိအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- REUTERS/Pool via Xinhua)

ဂျပန်နိုင်ငံ လက်ရှိတွင် ကြုံတွေ့နေရသော ပြဿနာများမှာ တောင်လိုပုံနေပြီး ဤအခြေအနေတွင် အောက်လွှတ်တော်အား ဖျက်သိမ်းခြင်းသည် “ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ဘယ်လိုမှကို မခံစားရဘူး” ဟူ၍ ဂျပန်အတိုက်အခံပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရက်တစ်ပါတီ (CDPJ) နှင့် ခိုမေတိုပါတီတို့ ဖွဲ့စည်းထူထောင်သော နိုင်ငံရေးပါတီအသစ် “အလယ်အလတ်လမ်းစဉ် ပြုပြင်ပြောင်းလဲရေး မဟာမိတ်အဖွဲ့ (CRA)” ပူးတွဲကိုယ်စားလှယ် Yoshihiko Noda က ပြောကြားခဲ့ကြောင်း ဂျပန် Kyodo သတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရသည်။
ယင်းသည် “စီးပွားရေးက ဖျက်သိမ်းမှုအတွက် နေရာဖယ်ပေးလိုက်ရခြင်း” ဖြစ်ပြီး အလွန် ဝမ်းနည်းရပါကြောင်း အမျိုးသားဒီမိုကရက်တစ်ပါတီခေါင်းဆောင် Yuichiro Tamaki က ဆိုခဲ့သည်။
ကုန်ဈေးနှုန်း မြင့်တက်လာခြင်းက လူနေမှုဘဝကို အကျပ်အတည်းထဲ ကျရောက်စေကြောင်း ဂျပန်ကွန်မြူနစ်ပါတီကော်မတီဥက္ကဋ္ဌ Tomoko Tamura က ထောက်ပြခဲ့သည်။ တာကာအိချိသည် ပြည်သူများရှေ့တွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ မပြုလုပ်ဘဲ ရှောင်တိမ်းကာ အောက်လွှတ်တော် ဖျက်သိမ်းရန် ရွေးချယ်ခဲ့သည်ဟု ၎င်းက ဝေဖန်ခဲ့သည်။

ကိုယ်ကျိုးကိုသာကြည့်ပြီး အောက်လွှတ်တော်ကို တစ်ဇွတ်ထိုး ဖျက်သိမ်းသူများသည် နိုင်ငံရေးတွင်လည်း ကိုယ့်ကျိုးကိုသာကြည့်ပြီး တစ်ဇွတ်ထိုး လုပ်ဆောင်မည်သာဖြစ်ကြောင်း ဂျပန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Mizuho Fukushima ကပြောကြားခဲ့သည်။

အောက်လွှတ်တော်ကို ဇန်နဝါရီ ၂၃ ရက်တွင် ဖျက်သိမ်းပြီးနောက် ဂျပန်အစိုးရသည် ယာယီအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပကာ ဇန်နဝါရီ ၂၇ ရက်တွင် အောက်လွှတ်တော်ရွေးကောက်ပွဲ ကြေညာစာကို ထုတ်ပြန်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ဖေဖော်ဝါရီ ၈ ရက်တွင် ရွေးကောက်ပွဲ မဲဆန္ဒပေးမည်ဖြစ်ကြောင်း ဂျပန် TBS ရုပ်သံလိုင်း၏ သတင်းဖော်ပြမှုအရ သိရသည်။ (Xinhua)
……………….
(Chinese Version)
日本多个在野党批评高市早苗解散众议院
新华社东京1月23日电(记者陈泽安 李子越)日本众议院23日正式解散,这也是日本众议院60年来首次在国会例会开幕日解散。当日,日本多个在野党党首对首相高市早苗此时解散众议院提出批评。
23日是日本国会例会开幕的日子,国会例会的一项重要议程是在4月1日新财年开始前审议通过预算案。此时解散众议院,审议预算的正常程序可能将大幅拖延。
据日本共同社报道,由日本在野党立宪民主党与公明党组建的新政党“中道改革联合”共同代表野田佳彦表示,日本当前面临的问题堆积如山,在此情况下解散众议院,“完全感受不到任何合理性”。
国民民主党党首玉木雄一郎称,这是“经济让位于解散”,令人非常遗憾。
日本共产党委员长田村智子指出,物价高涨令民生陷入困境。她批评高市没有在民众面前展开堂堂正正的讨论,而是选择逃避、解散众议院。
社会民主党党首福岛瑞穗说,只顾私利、一意孤行解散众议院的人,也会只顾私利、一意孤行地搞政治。
据日本TBS电视台报道,众议院23日解散后,日本政府举行临时内阁会议,决定27日发布众议院选举公告,2月8日进行选举投票。(完)
图说1:1月23日,在日本东京,日本众议院议长额贺福志郎在众议院全体会议上宣读解散诏书。新华社记者 贾浩成 摄
图说2:2025年10月4日,在日本东京的自民党总部,高市早苗在自民党总裁选举现场。新华社发(Pool图片,金敬勋摄)