Connect with us

Asia

၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ကမ္ဘောဒီးယားနိုင်ငံ အန်ကော ရှေးဟောင်းဥယျာဉ်သို့ တရုတ်နိုင်ငံမှခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု ဂဏန်း ၂လုံးပမာဏအထိ မြင့်တက်လာ

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ(ပ်) ပြည်နယ်ရှိ အန်ကောဝပ်သို့ လာရောက်လည်ပတ်ခဲ့ကြသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဖနွမ်းပင်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ ကျော်ကြားထင်ရှားလှသော အန်ကော ရှေးဟောင်းဥယျာဉ်သို့ လာရောက် လည်ပတ်ခဲ့သည့် တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၂၅ ခုနှစ် ပထမ ၉ လတာကာလအတွင်း ၆၂,၅၅၉ ဦးရှိခဲ့ပြီး ယမန်နှစ်အလားတူကာလ၌ လာရောက်လည်ပတ်ခဲ့သည့် ၅၅,၄၄၀ ဦးနှင့်နှိုင်းယှဉ်ပါက ၁၂.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုအရ သိရသည်။ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အန်ကော ရှေးဟောင်းဥယျာဉ်သို့ လာရောက်လည်ပတ်ခဲ့သည့် တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်ဦးရေမှာ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများမှ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များပြီးလျှင် စတုတ္ထအများဆုံးပမာဏဖြစ်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရပိုင် အန်ကောလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့ရာတွင် ယခုနှစ် စက်တင်ဘာလအတွင်း အန်ကောရှေးဟောင်းဥယျာဉ်သို့ လာရောက်လည်ပတ်ခဲ့ သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များထဲတွင်မူ တရုတ်ခရီးသွားဧည့်သည်များက အရေအတွက် အများဆုံးဖြင့် နံပါတ် ၁ နေရာတွင်ရှိခဲ့ကာ အားလပ်ရက်ခရီးထွက်လာသည့် တရုတ်ခရီးသွားဧည့်သည် ၄,၈၁၃ ဦးက အန်ကော ရှေးဟောင်းဥယျာဉ်သို့ လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း အဆိုပါအစီရင်ခံစာ၏ ဖော်ပြမှုအရ သိရသည်။

ဖနွမ်းပင်တော်ဝင်တက္ကသိုလ် နိုင်ငံတကာလေ့လာမှုနှင့် ပြည်သူ့ရေးရာမူဝါဒ အင်စတီကျုမှ ကထိက တစ်ဦးဖြစ်သူ Thong Mengdavid က ၂၀၂၅ ခုနှစ် ကမ္ဘာဒီးယား-တရုတ် ခရီးသွားနှစ်က အန်ကော ရှေး ဟောင်း ဥယျာဉ်အပါအဝင် ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် ဦးရေ တိုးတက်လာစေရန် အထောက်အကူဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

“နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကမ်ပိန်းတွေကို ပရိုမိုးရှင်းလုပ်ဆောင်မှု၊ တိုက်ရိုက် လေကြောင်းချိတ်ဆက်နိုင်မှုနဲ့ အုပ်စုလိုက်ခရီးစဉ် စီစဉ်ပေးနိုင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် နိုင်အောင် တွန်းအားပေးလှုံ့ဆော်မှုကြောင့် ကမ္ဘောဒီးယားကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွား ၂၀၂၅ အရေအတွက်က ဒီနှစ်တစ်လျှောက်လုံးနဲ့ ဒီနှစ်အလွန်ကာလတွေမှာလည်း ဆက်ပြီး မြင့်တက်လာဦး မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ကထိက Mengdavid က ဆင်ဟွာသတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအနောက်မြောက်ပိုင်း၊ ဆီရမ်ရိ(ပ်) ပြည်နယ်တွင်တည်ရှိပြီး ဧရိယာ ၄၀၁ စတုရန်း ကီ လိုမီတာကျယ်ဝန်းသော အန်ကော ရှေးဟောင်းဥယျာဉ်မှာ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၏ ရေပန်းစား လူကြိုက်အများဆုံး ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာနေရာဖြစ်ပြီး ဥယျာဉ်အတွင်း၌ ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်း တည်ရှိသည်။

အန်ကောရှေးဟောင်းဥယျာဉ်မှာ ယခုနှစ် ပထမ ၉ လတာကာလအတွင်း နိုင်ငံနှင့် ဒေသပေါင်း ၁၇၁ ခုမှ ပြည်ပ ခရီးသွားဧည့်သည်ပေါင်း ၇၀၅,၂၆၉ ဦးကို ဆွဲဆောင်နိုင်ခဲ့သလို ဥယျာဉ်ဝင်ခွင့် လက်မှတ် ရောင်းချမှုမှရရှိသည့် စုစုပေါင်းဝင်ငွေကလည်း အမေရိကန်ဒေါ်လာ ၃၂.၇ သန်းအထိရှိခဲ့ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။ (Xinhua)
————————
(English Version)
Cambodia’s Angkor records double-digit growth of Chinese tourist arrivals in first 9 months of 2025
PHNOM PENH, Oct. 1 (Xinhua)
Cambodia registered a total of 62,559 Chinese tourists to its famous Angkor Archaeological Park in the first nine months of 2025, up 12.8 percent from 55,440 over the same period last year, said a report released on Wednesday.
During the January-September period this year, China was the fourth largest source of international tourist arrivals to the UNESCO-listed Angkor after the United States, Britain, and France, said the state-owned Angkor Enterprise’s report.
However, in September this year, China was the number one source of foreign visitors to the Angkor, with 4,813 Chinese holidaymakers sightseeing the ancient site, the report showed.
Thong Mengdavid, a lecturer at the Institute for International Studies and Public Policy of the Royal University of Phnom Penh, said the Cambodia-China Tourism Year 2025 has been a catalyst for the growth of Chinese tourists to Cambodia, including to the park.
“I believe the number of Chinese tourists to Cambodia will continue to rise throughout this year and beyond, driven by enhanced bilateral cooperation, promotional campaigns, and greater accessibility through direct flights and group tour packages,” he told Xinhua.
Located in northwest Siem Reap province, the 401-square-km Angkor Archaeological Park, the kingdom’s most popular tourist destination, is home to 91 ancient temples, built from the ninth to the 13th centuries.
The park attracted a total of 705,269 foreigners from 171 countries and regions during the first nine months of this year, making a gross revenue of 32.7 million U.S. dollars from ticket sales, according to the report. ■
Photo:
Tourists visit the Angkor Wat in Siem Reap province, Cambodia, April 15, 2025. (Sao Khuth/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.