Connect with us

Asia

အရှေ့တီမောနိုင်ငံက အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် ၄၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားအား ၂၀၂၅ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ တရားဝင်အခမ်းအနား ပြုလုပ်ကာ အရှေ့တီမောနိုင်ငံအား အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ကြိုဆိုခဲ့ကြောင်း သိရသည်။အရှေ့တီမောနိုင်ငံအား အာဆီယံအဖွဲ့ထဲသို့ ဝင်ရောက်ခွင့်ပြုသည့် ကြေညာစာတမ်းတွင် လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာနှင့် ဝန်ကြီးချုပ် ရှနာနာ ဂူစမာအိုတို့ တက်ရောက်ခဲ့ကြသည်။

အရှေ့တောင်အာရှဒေသရှိ လက်ဆာဆွန်ဒါကျွန်းစု၏ အရှေ့ဘက်အကျဆုံးအပိုင်းတွင် တည်ရှိသော အရှေ့တီမောနိုင်ငံမှာ ၂၀၁၁ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အရှေ့တီမောအား အဖွဲ့ဝင်သစ်အဖြစ် လက်ခံရန် မူအားဖြင့် သဘောတူညီခဲ့ကြသည်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံက အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် အရှေ့တီမောနိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Timor-Leste becomes ASEAN’s 11th member
KUALA LUMPUR, Oct. 26 (Xinhua) — Timor-Leste has been welcomed into the Association of Southeast Asian Nations (ASEAN) as the grouping’s 11th member, following an official ceremony at the 47th ASEAN Summit in the Malaysian capital on Sunday.
Timor-Leste’s President Jose Ramos-Horta and Prime Minister Xanana Gusmao were present at the signing of the Declaration on the Admission of Timor-Leste into ASEAN.
Timor-Leste, located in the easternmost part of the Lesser Sunda Islands in Southeast Asia, applied for ASEAN membership in 2011. In November 2022, ASEAN member states principally agreed to admit Timor-Leste as a new member of the regional grouping.
The 47th ASEAN Summit and related summits were hosted by the ASEAN 2025 chair Malaysia on Sunday to Tuesday.
Established in 1967, the grouping includes Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand, Vietnam and Timor-Leste.
English Caption
This photo taken on May 26, 2025 shows the opening ceremony of the plenary session of the 46th Association of Southeast Asian Nations (ASEAN) Summit in Kuala Lumpur, Malaysia. (Xinhua/Ma Ping)