Connect with us

Asia

အိန္ဒိယပြည်နယ်နှစ်ခုတွင် ချောင်းဆိုးပျောက်ဆေးနှင့်ပတ်သက်သည့် ကလေးသေဆုံးမှုများ စတင်စုံစမ်း

နယူးဒေလီ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မတ်ဒယာပရာဒတ်ရှ်နှင့် ရာဂျက်စတန်ပြည်နယ် နှစ်ခုမှ တာဝန်ရှိသူများသည် မသန့်ရှင်းသော ချောင်းဆိုးပျောက်ဆေးများသောက်သုံးမိ၍ ကလေး ရှစ်ဦးသေဆုံးခဲ့သည်ဟု စွပ်စွဲမှုနှင့်ပတ်သက်၍ ကနဦးစုံစမ်းစစ်ဆေးမှုတစ်ခု စတင်လိုက်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။မတ်ဒယာပရာဒတ်ရှ်ပြည်နယ် Chhindwara ခရိုင်တွင် လွန်ခဲ့သော ၁၅ ရက်အတွင်း ကျောက်ကပ်ပျက်စီးမှုကြောင့် ကလေးခြောက်ဦးသေဆုံးခဲ့ပြီး ရာဂျက်စတန်ပြည်နယ်မှ ကလေးနှစ်ဦးလည်းသေဆုံးခဲ့ကြောင်း သတင်းရရှိခဲ့သည်။

သေဆုံးမှုဖြစ်ရပ်အားလုံးတွင် ရောင်းချမှုနှင့်သုံးစွဲမှုကန့်သတ်ထားသည့် ချောင်းဆိုးပျောက် ဆေးရည် နှစ်မျိုးပါဝင်နေကြောင်း တာဝန်ရှိသူများက တွေ့ရှိခဲ့သည်။
အဆိုပါချောင်းဆိုးပျောက်ဆေးရည်နမူနာများအား စစ်ဆေးရန်အတွက် ပေးပို့ထားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှထုတ်လုပ်သည့် အဆိပ်ဖြစ်စေသည့် ချောင်းဆိုးပျောက်ဆေးရည်များကြောင့် သေဆုံးရမှုများ ယခင်ကလည်းရှိခဲ့ကြောင်းသိရသည်။ (Reposted from Xinhua)
……….
(English Version)
India initiates probe into child deaths linked to cough syrup in 2 states
NEW DELHI, Oct. 2 (Xinhua) — Authorities in two Indian states of Madhya Pradesh and Rajasthan have initiated a probe as eight children died after allegedly consuming contaminated cough syrups supplied by the government, officials said Thursday.
While six children died in Madhya Pradesh’s Chhindwara district due to kidney failure in the past 15 days, two child deaths have been reported in Rajasthan.
Authorities have found that two specific cough syrups were common in all the cases and have restricted their sale and use.
Samples of these syrups have been sent for testing.
Toxic cough syrups manufactured in India have caused deaths in the past.