Connect with us

Asia

ဒေလီအသေခံဗုံးခွဲသူ၏ အနီးကပ် လက်ထောက်ကို ဖမ်းဆီး

နယူးဒေလီ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် နိုဝင်ဘာ ၁၀ ရက်က အသေခံဗုံးခွဲခဲ့သည့် အူမာအန်နာဘီ၏ အနီးကပ် လက်ထောက်တစ်ဦးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက နိုဝင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးခဲ့သည်။အူမာသည် ကားဗုံးပေါက်ကွဲမှုအတွင်းသေဆုံးသွားခဲ့သလို အခြားသူ အနည်းဆုံး လူ ၁၃ ဦးလည်း သေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် နေထိုင်သည့် အမီယာရာရှစ်ဒ်အလီသည် ပေါက်ကွဲမှုအတွက် အသုံးပြုသည့် ကားကိုဝယ်ယူခဲ့ရာတွင် ကူညီပံ့ပိုးပေးခဲ့ကြောင်း စွပ်စွဲခံထားရသည်။

အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေသည့် အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ကလည်း ဖမ်းဆီးမှုကို အတည်ပြုခဲ့သလို ကက်ရှ်မီးယားဒေသတွင် နေထိုင်သူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းပုဂ္ဂိုလ်မှာ အကြမ်းဖက်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည့် အသေခံဗုံးခွဲသူနှင့် ပူးပေါင်းကြံစည်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

NIA ၏ အဆိုအရ အလီသည် ပေါက်ကွဲစေတတ်သော လက်လုပ်ပစ္စည်းဖြင့် ကားဗုံးခွဲမည့် ကားကိုဝယ်ယူခဲ့ရာတွင် အဆင်ပြေပြေဝယ်ယူနိုင်ရန် ဒေလီမြို့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————
(English Version)
Close aide of Delhi suicide bomber arrested
NEW DELHI, Nov. 16 (Xinhua)
Indian security forces on Sunday arrested a close aide of the bomber of the Nov. 10 Delhi suicide blast, Umar Un Nabi.
Umar had died in the car blast, which claimed at least 13 lives and injured many others.
Amir Rashid Ali, a resident of Indian-controlled Kashmir, was accused of facilitating the purchase of the car used for the blast.
Confirming the arrest, the National Investigation Agency (NIA), which was probing the case, said in a statement that the NIA has arrested a Kashmiri resident who had conspired with the suicide bomber to carry out the terror attack.
According to the NIA, Ali had come to Delhi to facilitate the purchase of the car which was eventually used as a vehicle-borne improvised explosive device to trigger the blast. ■
Photo:
Indian policemen, firefighters and media journalists gather at the site of a car blast near the Red Fort in New Delhi, India, Nov. 10, 2025. (Str/Xinhua)