Connect with us

Asia

မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပရန် တောင်ကိုရီးယား ကမ်းလှမ်း

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းတွင် အခမ်းအနားတက်ရောက်လာသည့် မြောက်ကိုရီးယားနိုင်ငံ (DPRK) ၏ သမ္မတနှင့် ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မတော်တဆ ပဋိပက္ခများ မဖြစ်ပွားစေရန်နှင့် စစ်ရေးတင်းမာမှုများ လျှော့ချရန်အတွက် တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံ (DPRK) နှင့် စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပရန် နိုဝင်ဘာ ၁၇ ရက်တွင် ကမ်းလှမ်းခဲ့သည်။DPRK တပ်ဖွဲ့ဝင်အချို့သည် မကြာသေးမီက စစ်မဲ့ဇုန် (DMZ) အတွင်းရှိ စစ်ရေးနယ်နိမိတ်မျဉ်း (MDL) ကို ဆက်လက်ဖြတ်ကျော်ကာ တောင်ကိုရီးယားနယ်မြေများကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီး နည်းဗျူဟာမြောက်လမ်းများနှင့် ခြံစည်းရိုးများ တည်ဆောက်ကာ MDL ပတ်လည်တွင် မြေမြှုပ်မိုင်းများ ချထားခဲ့ကြောင်း အမျိုးသားကာကွယ်ရေးမူဝါဒဆိုင်ရာ ဒုတိယကာကွယ်ရေးဝန်ကြီး Kim Hong-cheol က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

DPRK တပ်ဖွဲ့ဝင်များ၏ ထိုကျူးကျော်ဝင်ရောက်မှုကို တောင်ကိုရီးယားစစ်တပ်က သတိပေးချက်ရုပ်သံထုတ်လွှင့်မှုများနှင့် သတိပေးပစ်ခတ်မှုများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်ဟု Kim က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………………………………..
(English Version)
S. Korea offers to hold military talks with DPRK
SEOUL, Nov. 17 (Xinhua) — South Korea offered Monday to hold military talks with the Democratic People’s Republic of Korea (DPRK) to prevent accidental clashes and ease military tensions along the inter-Korean border.
Kim Hong-cheol, deputy defense minister for national defense policy, said in a statement that some of the DPRK troops recently continued to cross the military demarcation line (MDL) inside the demilitarized zone (DMZ) and encroach upon the South Korean areas while building tactical roads and fences and laying landmines around the MDL.
Kim said the South Korean military continued its response to the DPRK troops’ encroachment through warning broadcasts and warning shots. ■
English Caption
Kim Jong Un, general secretary of the Workers’ Party of Korea and president of the State Affairs of the Democratic People’s Republic of Korea (DPRK), attends the celebration in Pyongyang, capital of the DPRK, Sept. 8, 2023. (KCNA via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.