Asia
တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံက အပြာရောင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရေကြောင်းနည်းပညာသင်တန်း ဖွင့်လှစ်
ဂျကာတာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သဘာဝအရင်းအမြစ်ဝန်ကြီးဌာနအောက်ရှိ ပထမဆုံးသမုဒ္ဒရာဗေဒအင်စတီကျုနှင့် အင်ဒိုနီးရှားနိုင်ငံ ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနတို့ ပူးတွဲစီစဉ်သည့် တရုတ်-အင်ဒိုနီးရှား ရေကြောင်းနည်းပညာသင်တန်းအစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ၌ နိုဝင်ဘာ ၁၇ ရက်က ဖွင့်လှစ်ခဲ့သည်။လေးရက်ကြာပြုလုပ်မည့် အဆိုပါအစီအစဉ်သည် နည်းပညာဖလှယ်မှုနှင့် အသိပညာမျှဝေမှုများမှတစ်ဆင့် အပြာရောင်စီးပွားရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ရည်ရွယ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ၌ တရုတ်-အင်ဒိုနီးရှား ရေကြောင်းနည်းပညာသင်တန်းအစီအစဉ်သို့ တက်ရောက်လာသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အပြာရောင်စီးပွားရေး၊ ရေကြောင်းကာကွယ်ရေးနှင့် ရေရှည်တည်တံ့သော ငါးလုပ်ငန်းဆိုင်ရာ အမျိုးသားအစီအစဉ်များကို မြှင့်တင်နေချိန်တွင် ရေကြောင်းစွမ်းရည်များ မြှင့်တင်ခြင်းမှာ အရေးကြီးကြောင်း ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနရှိ ရေကြောင်းနှင့် ငါးလုပ်ငန်းတိုးချဲ့မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ အကြီးအကဲ I Nyoman Radiarta က ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အင်ဒိုနီးရှားနိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် စီမံရေးဆွဲထားပြီး တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ရေကြောင်းသိပ္ပံနှင့် နည်းပညာဖလှယ်မှုများကို ပိုမိုနက်ရှိုင်းစေရန် ဆန္ဒရှိသည်ဟု တရုတ်-အင်ဒိုနီးရှား သမုဒ္ဒရာနှင့် ရာသီဥတုစင်တာ၏ ဒါရိုက်တာ ချုံပိုင်လျင် ကလည်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………………
(English Version)
Indonesia, China launch marine technology training to boost blue economy cooperation
JAKARTA, Nov. 17 (Xinhua) — The China-Indonesia Marine Technology Training program, jointly organized by the First Institute of Oceanography under China’s Ministry of Natural Resources and Indonesia’s Ministry of Marine Affairs and Fisheries, opened here on Monday.
The four-day program aimed to strengthen bilateral cooperation in the blue economy through technical exchanges and knowledge sharing.
I Nyoman Radiarta, head of the Marine and Fisheries Extension and Human Resources Development Agency at the Ministry of Marine Affairs and Fisheries, said enhancing marine capabilities is vital as Indonesia advances national programs on the blue economy, marine protection and sustainable fisheries.
Cong Bailin, director of the China-Indonesia Center for Ocean and Climate, said the training was designed to meet Indonesia’s needs, and China was willing to deepen exchanges in marine science and technology with Indonesia. ■
English Caption 1
Wang Nengfei, a professor from China’s Linyi University, speaks during the China-Indonesia Marine Technology Training program in Jakarta, Indonesia, on Nov. 18, 2025. (Xinhua/Veri Sanovri)
English Caption 2
Participants attend the China-Indonesia Marine Technology Training program in Jakarta, Indonesia, on Nov. 17, 2025. (Xinhua)
